မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဇူလိုင် ၉ ရက်မှစ၍ ၁၅ ရက်ကြာ ယာယီပိတ်မည်

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဇူလိုင် ၉ ရက်မှစ၍ ၁၅ ရက်ကြာ ယာယီပိတ်မည်

မြန်မာတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအားလုံး (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်) ကို ၁၅ ရက်ကြာ ယာယီပိတ်မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ညတွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါကျောင်းများအား ဇူလိုင်လ ၉ ရက်မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ ယာယီပိတ်ထားမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ ဇူလိုင်လ ၈ ရက်နေ့ ည ၁ဝ နာရီခွဲတွင်ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂ဝ၂၁ ခုနှစ်၊ မေလတတိယပတ်မှစ၍ မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသောကြောင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်ကာကွယ်၊ တားဆီးနိုင်ရေးအတွက် ယခုကဲ့သို့ ယာယီပိတ်ထားမည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင်လည်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားလျက်ရှိပြီး ဇူလိုင်လ ၇ ရက်နေ့အထိ ကျောင်းသူ၊ ကျောင်းသား ၁၃ ဦး၊ ဆရာ၊ ဆရာမ ၈ ဦးနှင့် ပညာရေးရုံးဝန်ထမ်း ၁ ဦးတို့တွင် ကိုဗစ်ရောဂါ ကူးစက်ခံထားရသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...