မော်လမြိုင်တွင် ပျူစောထီးအဖွဲ့က ခြိမ်းခြောက်စာကပ်

မော်လမြိုင်တွင် ပျူစောထီးအဖွဲ့က ခြိမ်းခြောက်စာကပ်

မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် ဈေးဧရိယာဖြစ်သော သထုံတံတားလမ်းထိပ် ဓါတ်တိုင်မှာ ပျူစောထီးဟူသော အမည်ပေးထားတဲ့ အဖွဲ့တစ်ခုက ခြိမ်းခြောက်စာဗီနိုင်းကို ကပ်ထားခဲ့ကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

“လူစည်ကားရာနေရာမှာ လူတွေကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေတာမျိုးက ကျွန်တော်တို့မြို့ကို ပြဿနာရှာဖို့ လုပ်တဲ့သဘောလို့ ပြောရမယ်” ဟု ဈေးအနီးနေထိုင်သူတဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခြိမ်းခြောက်စာတွင် ဖော်ပြထားသည့် လူ (၁၁) ဦးကို ပြည်ဖျက်ကောင်ဟု သုံးနှုန်းဖော်ပြထားတာ တွေ့ရပါတယ်။

စာရင်းတွင် ပါဝင်နေသူအများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်ကြပြီး အာဏာသိမ်းစစ်အုပ်စုက အငြိုးထားဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းနေသူများလည်းဖြစ်ပါတယ်။

အစောပိုင်းလကလည်း ပျူစောထီးအဖွဲ့မှ မော်လမြိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်နွယ်စိုးအိမ်အတွင်းဝင်ရောက်ပြီး ခြိမ်းခြောက်စာကပ်ခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် မော်လမြိုင်မှာ ပြည်သူ (၇) ဦးသေဆုံးခဲ့ပြီး ပြည်သူ (၁၄၀) ကျော်ဟာ ဖမ်းဆီးအကျဉ်းချခံခဲ့ရသလို နေ့စဉ်မှာလည်း စစ်အုပ်စုတပ်ဖွဲ့တွေဟာ မြို့အနှံ့လှည့်လည်ပြီး အင်အားသုံးဖမ်းဆီးနေတာတွေ ဆက်တိုက်ပြုလုပ်နေခဲ့ချိန်မှာ ယခုလို ခြိမ်းခြောက်မှုတွေကလည်း နေရာအနှံ့မှာ ပေါ်ထွက်နေတာဖြစ်ပါတယ်။

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...