Telenor က မြန်မာနိုင်ငံရှိလုပ်ငန်းများကို M1 Group သို့ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချ

Telenor က မြန်မာနိုင်ငံရှိလုပ်ငန်းများကို M1 Group သို့ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချ

နော်ဝေ တယ်လီကွန်းအော်ပရေတာ Telenor (တယ်လီနော) သည် မြန်မာနိုင်ငံရှိ ယင်း၏လုပ်ငန်းများကို လက်ဘနွန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ထံ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချလိုက်ကြောင်း Telenor က ဇူလိုင် ၈ ရက်တွင် ပြောသည်။

“မြန်မာနိုင်ငံမှာ မကြာသေးတဲ့ကာလအတွင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ အခြေအနေတွေ ထပ်မံယိုယွင်းဆိုးရွားလာတာတို့က ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ကို ဖြစ်လာစေခဲ့တဲ့ အခြေခံဖြစ်ခဲ့ပါတယ်” ဟု Telenor က ထုတ်ပြန်သည်။

Telenor သည် ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်တွင် ယင်း၏ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း၌ အကြီးအကျယ် ကန့်သတ်ခံရမှု ကြုံခဲ့ရပြီးနောက် ပြီးခဲ့သည့်မေလက ယင်း၏ မြန်မာလုပ်ငန်းကို အရှုံးစာရင်းပြခဲ့ကာ နော်ဝေခရိုနာ ၆ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၇၅၂ သန်း) ရှိ ၎င်းတို့၏ လုပ်ငန်းများကို ထည့်သွင်းတွက်ချက်မှု မလုပ်ခဲ့ပေ။

ယခု အရောင်းအ၀ယ်အရ Telenor ၏ မြန်မာနိုင်ငံရှိလုပ်ငန်း၏ လုပ်ငန်းတန်ဖိုးကို ဒေါ်လာ သန်း ၆၀၀ ခန့်ဖြင့် တန်ဖိုးဖြတ်ခြင်းနှင့်ညီမျှပြီး M1 Group ထံ ရောင်းချမှုက လုပ်ငန်းများကို ဆက်လက်လည်ပတ်စေရေး အာမခံမည်ဖြစ်ကြောင်း Telenor ၏ အမှုဆောင်အရာရှိချုပ် Sigve Brekke က ပြောသည်။

“ပြီးခဲ့တဲ့ လတွေအတွင်း မြန်မာနိုင်ငံက အခြေအနေတွေက တယ်လီနောအတွက်ရော၊ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်၊ စည်းမျဥ်းထိန်းသိမ်းမှုနဲ့ လိုက်နာရမှုဆိုင်ရာ အကြောင်းရင်းတွေအတွက်ပါ ပိုမိုတိုးမြင့် စိန်ခေါ်လာနေခဲ့ပါတယ်” ဟု Sigve Brekke က ပြောခဲ့သည်။

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...