မြန်မာစစ်အုပ်စုက လူသားထုအပေါ် ရာဇ၀တ်မှုများကျူးလွန်နေပြီး နိုင်ငံတကာကတားဆီးရန် ပျက်ကွက်ခဲ့ဟု ကုလကျွမ်းကျင်သူပြော

မြန်မာစစ်အုပ်စုက လူသားထုအပေါ် ရာဇ၀တ်မှုများကျူးလွန်နေပြီး နိုင်ငံတကာကတားဆီးရန် ပျက်ကွက်ခဲ့ဟု ကုလကျွမ်းကျင်သူပြော

မြန်မာအာဏာသိမ်းစစ်တပ်သည် နိုင်ငံတွင် ဖေဖေါ်၀ါရီလ အာဏာသိမ်းပြီးနောက်ပိုင်း crimes against humanity ဟု ခေါ်သည့် လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ထားခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အ‌ရေးဆိုင်ရာ အထူးကျွမ်းကျင်သူတစ်ဦးက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ဤမနှစ်မြို့စရာ အခြေအနေကို အဆုံးသတ်စေရေး တားဆီးရန် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပျက်ကွက်ခဲ့သည်ဟု ၎င်းက ပြစ်တင်ဝေဖန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ငါးလအကြာက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအပေါ် “ပျံ့နှံ့ပြီး၊ စနစ်တကျဖြစ်သည့် တိုက်ခိုက်မှုများ” နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလအထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးစ်က ကုလ လူ့အခွင့်အရေးကောင်စီ ဆွေး‌နွေးပွဲတွင် ပြစ်တင်ပြောဆိုသွားခဲ့သ့ည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က စစ်တပ်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတွင် အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်ထားခဲ့သလို စစ်တပ်ဘက်မှ လူမဆန်သည့် တုံ့ပြန်နှိမ်နင်းဖြိုခွင်းမှုများကို မြင်တွေ့ထားခဲ့ရသည်။

အလားတူ မြန်မာနိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းတစ်ခုကနေ ဘက်ပေါင်းစုံ လူ့အခွင့်အရေးကပ်ဘေးတစ်ခုအဖြစ် ပြောင်းလဲဖြစ်ပေါ်ထားခဲ့ကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချဲလ်ဘက်ချ်လက်ကလည်း ဇူလိုင် ၆ ရက် ကုလလူ့အခွင့်အ‌ရေးကောင်စီ အစည်းအဝေးတွင် ပြောခဲ့သည်။

“နိုင်ငံတ၀န်း ထိခိုက်ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ၊ အကြမ်းဖက်မှုတွေက ရေရှည်ဖွံ့ဖြိုးမှုအတွက် အလားအလာတွေကို မွှေနှောက်ဖျက်ဆီးနေသလို ကျရှုံးနိုင်ငံ ဒါမှမဟုတ် ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်တစ်ခု ဖြစ်နိုင်ခြေအလားအလာကိုလည်း မြင့်တက်ထားစေခဲ့ပါတယ်” ဟု သူမက သတိပေးခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း လူ ၉၀၀ နီးပါး သေဆုံးခဲ့သလို လူပေါင်း နှစ်သိန်းခန့်လည်း ၎င်းတို့၏ နေအိမ်များကနေ စွန့်ခွာထွက်ပြေးထားခဲ့ကြရသည်ဟု ကုလ ကိန်းဂဏန်းများအရ သိရသည်။

တစ်ချိန်တည်းမှာပင် ဂျာနယ်လစ်အယောက် ၉၀ ကျော်အပါအ၀င် လူပေါင်း ၅,၂၀၀ ဦးထက်မနည်း တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

မြန်မာစစ်တပ်အာဏာပိုင်များသည် အရပ်သားပြည်သူများကို ဖမ်းဆီးထိန်းသိမ်းထားစဉ် အသက်သေဆုံးစေသည်အထိ ညှင်းပန်းခြင်းအပါအ၀င် ညှင်းပန်းနှိပ်စက်မှုများကို လုပ်ဆောင်နေကြောင်း အန်ဒရူးစ်က စွပ်စွဲခဲ့သည်။

စစ်အုပ်စု၏ အချို့သော လုပ်ဆောင်ချက်များသည် လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ညီမျှနေကြောင်းနှင့် အဆိုပါချိုးဖောက်မှုများကို ထိန်းချုပ်တားဆီးရန် အများအပြားက လုပ်ဆောင်ထားခဲ့ခြင်းမရှိဟု ၎င်းက ပြောခဲ့သည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေအပေါ် တာ၀န်ပျက်ကွက်ခဲ့ပါတယ်” ဟု ၎င်းကပြောခဲ့သည်။

စစ်တပ်သည် ကျေးရွာများအပေါ် ယင်းဘက်က တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာကြရသူများအတွက် အစားအသောက်၊ ရေ၊ ဆေး၀ါးများ ဖြတ်တောက်ထားခဲ့ကြောင်း အန်ဒရူးစ်က ပြောသည်။

စစ်တပ်သည် ဖမ်းဆီးလိုသူများကို ရှာမတွေ့သည့်အခါ မိသားစု၀င်များကို ဓားစာခံခေါ်ဆောင်ထားသလို မကြာသေးခင်ကလည်း အသက် ၄ နှစ်သာရှိသေးသည့် ကလေးတစ်ဦးကိုပင် ဖမ်းဆီးခေါ်ဆောင်ထားခဲ့ကြောင်း ၎င်းကပြောသည်။

ထိုကဲ့သို့ ချိုးဖောက်မှုများ ရပ်ဆိုင်းသွားစေရန်အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းဘက်မှ လက်ရှိအချိန်အထိ ပျက်ကွက်ထားခဲ့ကြောင်း ၎င်းကပြောခဲ့သည်။

အလွန်တရာ နောက်ကျမသွားခင် မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ပံ့မှုကို မလွဲမသွေလိုအပ်နေသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ်ထားသည့် နိုင်ငံများကို ၎င်းက ချီးကျူးခဲ့သော်လည်း အမှန်တကယ် သက်ရောက်မှုတစ်ခု ရှိစေရန် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုလုပ်ရန် လိုနေကြောင်း ၎င်းက အခိုင်အမာ ပြောသည်။

မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုများကို ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရန်နှင့် အာဏာသိမ်းစစ်တပ်၏ ၀င်ငွေလမ်းကြောင်းများကို ထိန်းချုပ်ပိတ်ဆို့ရန်အတွက် မြန်မာဆိုင်ရာ နိုင်ငံတကာ အရေးပေါ် ညွန့်ပေါင်းအဖွဲ့တစ်ခု ထူ‌ထောင်ရေးကို ၎င်းက ထပ်မံ တိုက်တွန်းသွားခဲ့သည်။

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...