ရခိုင်တွင် ကျောင်းသား/ကျောင်းသူနှင့် ဆရာ/ဆရာမ ၁၈ ဦး ကိုဗစ်ပိုး ကူးစက်ခံရ

ရခိုင်တွင် ကျောင်းသား/ကျောင်းသူနှင့် ဆရာ/ဆရာမ ၁၈ ဦး ကိုဗစ်ပိုး ကူးစက်ခံရ

ရခိုင်ပြည်နယ်တွင် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမ ၁၈ ဦး ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း သတင်းရရှိသည်။

ကူးစက်ခံရသူများမှာ ကျောင်းသား/ကျောင်းသူ ၁၀ ဦးနှင့် ကျောင်းဆရာ/ဆရာမ ၈ ဦးဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်း (စီမံ) က ပြောသည်။

“ဒီ ရောဂါပိုးတွေ့တဲ့ ကျောင်းသား/သူတွေနဲ့ ဆရာမတွေဟာ ကျွန်တော်တို့ ဇွန်လ ၂၄ ရက်နေ့ကစပြီးတော့ ၅ ရက်နေ့အထိ ရရှိထားတဲ့စာရင်းဖြစ်ပါတယ်။ Positive လူနာတွေ့ရတဲ့ ကျောင်းတွေမှာ သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ရဲ့ ဆွေးနွေးညှိနှိုင်းချက်အရ အဲဒီကျောင်းတွေကို ယာယီ စီးခြားထားတဲ့အနေနဲ့ နှစ်ပတ် ယာယီနားထားတာလေးတွေ ရှိပါတယ်” ဟု ပြောသည်။

အဆိုပါ ရောဂါပိုးကူးစက်ခံထားသော ကျောင်းများမှာ စစ်တွေ၊ ပေါက်တော၊ ဂွ၊ မောင်တော၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့မှဖြစ်ကြောင်း အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းတို့ပါဝင်ကြောင်း သူက ဆက်ပြောသည်။

“ကလေးတွေရဲ့ ပညာသင်ကြားမှုဟာ မနှစ်ကဆိုလည်း ကိုဗစ်ကြောင့် ကျောင်းကို တစ်နှစ်နားလိုက်ရတယ်။ ဒီနှစ်မှာလည်း ပိုးတွေ့တာတွေ တွေ့ကြုံနေရသော်လည်း အတတ်နိုင်ဆုံး မိဘတွေက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ ကျောင်းကိုရောက်တဲ့အခါလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျောင်းတွေမှာ စာသင်ကြားဖို့ကိုလည်း လမ်းညွှန်ထားမှုရှိပါတယ်” ဟု ပြောသည်။

၄င်း ၁၈ ဦးမှာ လက်ရှိအချိန်အထိ မြို့နယ်အလိုက်မှ ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျှက်ရှိကြပြီး ထိုကူးစက်ခံထားရသည့် ၁၈ ဦးထဲတွင် သံတွဲမြို့နယ်ရှိ စာသင်ကျောင်းအချို့ရှိ Grade-1 ၌ ပညာသင်ကြားနေသည့် ကလေးငယ်အချို့လည်းပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၅၁၇ ဦးထိရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ စာရင်းအရ သိရသည်။

 
 

 

 

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...