လက်တွေ့ကျသည့်အစိုးရမှာ NUG ဖြစ်သည်ဟု မြန်မာပြည်သူများ သက်သေပြမှုကြောင့် ဂျပန်နိုင်ငံက ကူညီမည်ဖြစ်ကြောင်း ဂျပန်အမတ်များပြော

လက်တွေ့ကျသည့်အစိုးရမှာ NUG ဖြစ်သည်ဟု မြန်မာပြည်သူများ သက်သေပြမှုကြောင့် ဂျပန်နိုင်ငံက ကူညီမည်ဖြစ်ကြောင်း ဂျပန်အမတ်များပြော

လက်တွေ့ကျသည့် အစိုးရမှာ စစ်အာဏာရှင်မဟုတ်ဘဲ အမျိူးသားညီညွတ်ရေးအစိုးရ (NUG) ဖြစ်သည်ဟု မြန်မာပြည်သူလူထု၏ သက်သေ ပြသမှုကြောင့် ဂျပန်နိုင်ငံက ကူညီမည်ဖြစ်ကြောင်း ဂျပန်အမတ်များအဖွဲ့က ယမန်နေ့ ဇူလိုင်လ ၆ ရက်က ဂျပန်ပါလီမန်အမတ်များနှင့် အမျိူးသားညီညွတ်ရေးအစိုးရအကြား ဒုတိယအကြိမ်ပြုလုပ်သည့် အစည်းဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီမည့်ထောက်ပံ့မှုမှာ အကြမ်းဖက်စစ်တပ်နှင့် လက်နက်ပံ့ပိုးမှုအတွက်မဟုတ်ဘဲ ပြည်တွင်းရှိ ပညာရေး၊ ဆေးဝါးကုသရေး၊ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီနှင့် အစားအသောက်အတွက် ကူညီရန် အစည်းဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် မဲမသမာမှုအကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့မှုအား လက်ခံနိုင်စရာမရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိသည်ကို ကမ္ဘာက လက်ခံကြောင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်များအပါအဝင် တိုင်းရင်းသား လူနည်းစုများ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ယုံကြည်ပြီး၊ အခြားအစိုးရ မြန်မာနိုင်ငံတွင်မရှိဟု ယုံကြည်ကြောင်း ဂျပန်ပါလီမန်အမတ်အဖွဲ့က တဆက်တည်းပြောကြားခဲ့သည်။

ထို့အတူ တွေ့ဆုံပွဲ၌ စစ်တပ်ကို ဆန့်ကျင့်ရှုတ်ချခြင်း အတည်ပြုသင့်ကြောင်းနှင့်ပတ်သက်၍ အားလုံးက အတည်ပြုခဲ့ကြောင်း ဂျပန် အထက်လွှတ်တော်အမတ်ကဆိုသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီးများနှင့် ဂျပန်လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံ၌ အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိရောက်စွာရရှိရေး၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာရသော ဒုက္ခသည်များအား ကူညီနိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုရန် ဂျပန်နိုင်ငံအစိုးရအား တိုက်တွန်းပေးရေးနှင့် တရားသောကြိုးပမ်းမှု အောင်မြင်ပြီး မြန်မာနိုင်ငံသားများနှင့် ထိုက်တန်သော ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးနိုင်ရေးအတွက် ဂျပန်နိုင်ငံမှ တတ်နိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်အားပေးထောက်ခံပေးရန်အတွက် အစည်းအဝေးပွဲတစ်ရပ်ကို ယမန်‌နေ့က ပြုလုပ်ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဒေါက်တာဆာဆာအပါအ၀င် NUG အစိုးရအဖွဲ့မှ ၀န်ကြီးများ၊ ဂျပန်နိုင်ငံမှ အောက်လွှတ်တော်အမတ် Mr.Ichiro Aisawa (ဥက္ကဌ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး ပါလီမန်အမတ်များအဖွဲ့၊ ဒု-ဥက္ကဌ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များအဖွဲ့)၊ အထက်လွှတ်တော်အမတ် Mr.Michihiro Ishibashi (အထွေထွေအတွင်းရေးမှူး၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များအဖွဲ့)၊ Mr. Yutaka Nagasugi (Vice President, Japan Myanmar Friendship Association, CEO, MYANMAR JAPON CO.,LTD.)၊ Mr. Toshio Tanabe (အလွတ်တန်းသတင်းထောက်) တို့ ပါဝင်ခဲ့ကြကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...