ဆဲဗင်းဂျူလိုင်နေ့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ သဘောထားထုတ်ပြန်

ဆဲဗင်းဂျူလိုင်နေ့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ သဘောထားထုတ်ပြန်

သန္ဓေဆိုးနဲ့စတင်ခဲ့တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲကို ၁၉၆၂ ခုနှစ်က ကျောင်းသားလူငယ်တွေထားရှိခဲ့တဲ့ ဆဲဗင်းဂျူလိုင် စိတ်ဓာတ်စွဲကိုင်ပြီး ဆက်လက်ချီတက် တိုက်ပွဲဝင်ကြဖို့ ၅၉ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၀ ကျော်က သဘောထားထုတ်ပြန် ကြေညာလိုက်ပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကို ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ကြရာ ကျောင်းသားတွေအပေါ် ပစ်မှတ်ထားပြီး တင်းကျပ်တဲ့ ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကို တော်လှန်ရေးကောင်စီက ချမှတ်ခဲ့ပါတယ်။

တော်လှန်ရေးကောင်စီကချမှတ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ပတ်သက်လို့ ကျောင်းသားတွေက ကန့်ကွက်ဆန္ဒပြကြရာ ဇူလိုင်လ ၇ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က မောင်းပြန်ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ ပစ်ခတ်ဖြိုခွင်းခဲ့သလို ကျောင်းသားသမဂ္ဂအဆောက်အဦးကိုလည်း ဒိုင်းနမိုင်းတွေနဲ့ ဖောက်ခွဲဖျက်စီးခဲ့ပါတယ်။

သေဆုံးသူ ရာနဲ့ချီပြီး ထိခိုက်ဒဏ်ရာရသူ ဒါဇင်ပေါင်းများစွာရှိခဲ့တဲ့ ဆဲဗင်းဂျူလိုင်အရေးအခင်းဟာ မြန်မာနိုင်ငံ ကျောင်းသားသမိုင်းမှာ မေ့ဖျောက်မရတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာကျရောက်တဲ့ ၅၉ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အခမ်းအနားကို မြန်မာနိုင်ငံအနှံ့ မြို့ကြီးတွေမှာ ကျောင်းသားသမဂ္ဂတွေနဲ့ လူငယ်တွေဦးဆောင်ပြီး ကျင်းပပြုလုပ်နေကြပါတယ်။

လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို အဆုံးသတ်အမြစ်ဖြတ်ရေး မြေပြန့်ရော၊ တောင်ပေါ်မှာပါမကျန် ပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်ကန့်ကွက် တော်လှန်တိုက်ပွဲနေကြပါတယ်။

 
 

 

 

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...