ကောလင်းမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်

ကောလင်းမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒု-ဦးစီးမှုးအပါအဝင် စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး ဆယ်ဦးထက်မနည်း စစ်ကောင်စီထံ နှုတ်ထွက်စာတင်ထားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးတွေရဲ့ နှုတ်ထွက်စာထဲမှာတော့ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုတဲ့ စိတ်ဆန္ဒမရှိတော့တဲ့အတွက် နှုတ်ထွက်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်ဒု-ဦးစီးမှူး ချမ်းပြည့်အောင်ဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့တဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှ နှုတ်ထွက်ခဲ့ပါတယ်။

အခုနှုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ကောလင်းမြို့နယ်ထဲက ယင်းတိုက်ကျေးရွာအုပ်စု၊ မိုးနှံကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာအုပ်စု၊ မင်းကုန်းခံသာ ကျေးရွာအုပ်စု၊ သရက်ချဉ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာအုပ်စု၊ တောင်ကြားအုပ်စုနဲ့ တဂေါင်းအိုင်တို့က အုပ်စုအုပ်ချုပ်ရေးမှူးတွေ ဖြစ်ပါတယ်။

အဲဒီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေဟာ ဇူလိုင်လ ၄ ရက်နေ့မှာ တပြိုင်နက် နှုတ်ထွက်စာတင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများအပြား နှုတ်ထွက်တာကြောင့် ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်တော့ဘဲ ပြိုပျက်စပြုတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 
 

 

 

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...