မီတာခပေးဆောင်ရန် စစ်ကောင်စီတပ် အင်အားအပြည့်ဖြင့် လိုက်လံကြေညာ

မီတာခပေးဆောင်ရန် စစ်ကောင်စီတပ် အင်အားအပြည့်ဖြင့် လိုက်လံကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်အချို့တွင် မီတာခများပေးဆောင်ရန် စစ်ကောင်စီအဖွဲ့က အင်အားအပြည့်ဖြင့် လိုက်လံကြေညာနေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

မီတာခများပေးဆောင်ရန် ကြေညာရာတွင် ရဲလုံခြုံရေးကားများနှင့်အတူ ဆိုင်ကယ်များဖြင့် အင်အား ၂၀ ခန့်လိုက်ပါကာ မြောက်ဒဂုံမြို့နယ် အမှတ် ၃၇နှင့် ၃၈ ရပ်ကွက်တို့တွင် လိုက်လံကြေညာခဲ့သည်။

၎င်းတို့၏ ကြေညာချက်တွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ဓာတ်အားခ လက်ကျန်ငွေများအား မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မပျက်မကွက် လာရောက်ပေးသွင်းကြရန်နှင့် လာရောက်ပေးသွင်းခြင်းမရှိသည့် နေအိမ်များအား ဇူလိုင် ၆ ရက်နေ့မှစတင်ကာ မီးဖြတ်တောက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဇွန်တောင်မြို့နယ်အပါအဝင် အချို့မြို့နယ်များတွင်လည်း လုံခြုံရေးအပြည်ဖြင့် မီတာခများပေးသွင်းရန် လိုက်လံကြေညာလျှက်ရှိသည်။

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...