ကောလင်းမှာ PDF (ကောလင်း) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား၊ ပြည်သူတချို့ စစ်ကောင်စီ၏ လက်နက်ကြီးကျည်စထိမှန်

ကောလင်းမှာ PDF (ကောလင်း) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား၊ ပြည်သူတချို့ စစ်ကောင်စီ၏ လက်နက်ကြီးကျည်စထိမှန်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့တွင် ယနေ့နံနက် ၁၁ နာရီကျော်အချိန်က PDF (ကောလင်း) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ (၁၇) ဦးကျပြီး PDF ဘက်မှ အကျအရှုံးမရှိကြောင်း သိရသည်။

ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် ကောလင်းမြို့ထဲတွင် ညနေ ၃ နာရီ ၁၅ မှ ၆ နာရီအချိန်ထိ PDF ကောလင်းနှင့် စစ်ကောင်စီတို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်မှ မြို့ထဲတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် နေအိမ်တချို့ပျက်စီးပြီး ပြည်သူတစ်ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့ကြောင်း သိရသည်။

“သူတို့က လက်နက်ကြီး ရမ်းသန်းပြီးပစ်တာ ပြည်သူတစ်ယောက် အိမ်ထဲမှာနေတာ ခန္ဓာကိုယ်မှာလာထိမှန်တယ်” ဟု ကောလင်းဒေသခံတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ PDF အဖွဲ့များသည် စစ်ကောင်စီတပ်နှင့် နေ့စဉ်နှင့်အမျှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...