ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သုံးရက်အတွင်း Covid-19 ပိုး ကူးစက်ခံရသူ ၁၂ ဦးရှိ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သုံးရက်အတွင်း Covid-19 ပိုး ကူးစက်ခံရသူ ၁၂ ဦးရှိ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၁၂ ဦးအထိရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

Mytel ဆက်သွယ်ရေးတာဝန်ရှိသူတစ်ဦးထံမှ ဇွန် ၂၈ ရက်တွင် ကိုဗစ်ပိုး စတင်ကူးစက်ခံရပြီး ၎င်းနှင့်ထိတွေ့ခဲ့သူများ ထပ်မံ၍ ကူးစက်ခံရခြင်းဖြစ်ကာ လက်ရှိ ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့ဆေးရုံ သီးခြားအဆောင်တွင် ဆေးကုသပေးလျက်ရှိကြောင်း ပရဟိတအဖွဲ့ထံမှ သိရသည်။

“ဇွန်လ ၂၉ ရက်မှာ ပိုးတွေ့သူ ၉ ဦးရှိတယ်။ နောက်ထပ် ၃ ဦး ထပ်မံကူးစက်ခံရတယ်ပေါ့နော်။ ထိတွေ့ထားတဲ့ မိသားစုဝင်တွေကို နေအိမ်မှာ ၁၄ ရက် စောင့်ကြည့်ကန့်သတ်ထားတယ်။ ထိတွေ့ထားမှုတွေ များနိုင်တယ်။ အားလုံးကို လိုက်လံစစ်ဆေးလို့ မနိုင်သေးဘူးပေါ့နော်။ လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ စောကျော်လင်းခိုင်က ဇူလိုင် ၁ ရက်တွင် ကေအိုင်စီသို့ပြောသည်။

ကိုဗစ်ပိုးကူးစက်မှု ထပ်မံဖြစ်ပွားလာသည့်အပေါ် မြို့နယ်ရှိ ကျေးရွာအသီးသီးတွင် ကျန်းမာရေးလမ်းညွှန်ချက်များ ထပ်မံဆောင်ရွက်လျက်ရှိပြီး မြို့နယ်ချင်းဆက်လမ်းများတွင် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးစစ်ဆေးလမ်းညွှန်မှုများ လုပ်ဆောင်နေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ Covid-19 ပိုးကူးစက်ခံရသူတစ်ဦးက “ကျန်းမာရေးကောင်းပါတယ်။ တစ်ခါတစ်လေ အသက်ရှူရခက်တာရှိတယ်။ ရင်ဘတ်တွေ အောင့်တယ်ပေါ့နော်။ လူထုတွေ သတိမပေါ့ဆကြပါနဲ့။ ပိုးက ရှိနေတယ်။ ဖျားလို့ရှိရင် ပိုးကပေါ်တာပဲ။ အနံ့တော့ ဘာမှမရဘူး။ အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ” ဟု ပြောသည်။

ကရင်ပြည်နယ်အနေဖြင့် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ဖားအံမြို့နယ်များတွင် ဇွန်လ ၃ဝ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄ဝ ဦးရှိပြီး ၁ ဦးသေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...