ဗန်းမောက်မြို့နယ်တွင် Covid-19 ကူးစက်မှုအရှိန်မြင့်နေပြီး အတည်ပြုလူနာများ ထားစရာနေရာမရှိတော့

ဗန်းမောက်မြို့နယ်တွင် Covid-19 ကူးစက်မှုအရှိန်မြင့်နေပြီး အတည်ပြုလူနာများ ထားစရာနေရာမရှိတော့

ဗန်းမောက်မြို့နယ်တွင် Covid-19 ရောဂါပိုးကူးစက်မှု အရှိန်မြင့်နေပြီး အတည်ပြုလူနာများကို ထားစရာနေရာမရှိတော့ကြောင်း ဒေသခံများထံမှသိရသည်။

“မနေ့က အစည်းအဝေးလုပ်တယ်။ ဆရာဝန်ကနေပြီးတော့က စစ်ရင်စစ်သလို တွေ့နေမှာပဲ။ အခုက ထားစရာနေရာမရှိတော့ ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးကြတယ်” ဟု ထိုအစည်းအဝေးကို တက်ရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

ဗန်းမောက်မြို့နယ်ရှိ Covid-19 အတည်ပြုလူနာများကို ပြည့်သူ့ဆေးရုံအဟောင်း၊ ဆေးရုံအသစ်၊ နတလ (နယ်စပ်ရေးရာဝန်ကြီးဌာန) နေရာ နှင့် မိုးလုံလေလုံအားကစားခန်းမတို့တွင် ထားရှိကုသထားသည်။

လက်ရှိတွင် ထားစရာနေရာမရှိသည့်အပြင် ကုသပေးနိုင်သည့် ဆရာဝန်အင်အား၊ သူနာပြုအင်အားများ နည်းနေပြီး၊ စေတနာဝန်ထမ်းများလည်း မရှိကြောင်း ဒေသခံများက ပြောကြားသည်။

“ဆရာဝန်က (၂) ယောက်ပဲရှိတာ၊ ကျန်တာ သူနာပြုနည်းနည်းနဲ့၊ ဘော်လန်တီယာ (စေတနာ့ဝန်ထမ်း) တွေလည်း မရှိတော့ဘူး။ ဓာတ်ခွဲမှူးကလည်း (၁) ယောက်ပဲရှိတာ” ဟု ‌ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောဆိုသည်။

ဗန်းမောက်မြို့နယ်တွင် Covid-19 ‌ရောဂါပိုးကူးစက်မှုအရှိန်မြင့်နေသော်လည်း မြို့ပေါ်ရှိ စာသင်ကျောင်းများ ပိတ်ထားခြင်းမရှိသည့်အပြင် စားသောက်ဆိုင်များ၊ စျေးများလည်း ဆက်လက်ဖွင့်လှစ်ထားသည်။

“ငါတို့က အထက ကျောင်းမှာဆိုရင်တော့ ကျောင်းဆောင်တွေလည်းများတယ်၊ ရေလည်းပေါတယ်။ အိမ်သာလည်းများတယ်။ အခုက ကျောင်းကမပိတ်တော့ ဘာမှလုပ်မရဘူး။ မြို့နယ်စီမံအုပ်ချုပ်ရေးပြောတော့ အဲ့ကိစ္စတင်ပြထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဗန်းမောက်မြို့နယ်တွင် သုံးရက်အတွင်း အတည်ပြုလူနာ (၁၆၄) ဦးထိရှိပြီး ဆက်လက်တိုးလာမည့်အခြေအနေတွင် ရှိနေသည်။

ဗန်းမောက်မြို့နယ်ရှိ ပန်းသတင်း KTV နှင့် စားသောက်ဆိုင်မှ စတင်ပျံ့ခဲ့သည့် ရောဂါပိုးကို ၎င်းတို့၏ ဝန်ထမ်းများ၊ မြို့နယ်ထွေအုပ်များ၊ ရဲဝန်ထမ်းနှင့် မိသားစုများ၊ သစ်တောဝန်ထမ်းတချို့နှင့် ကလေးငယ်တချို့ ကူးစက်ခံထားရသည်။

 
 

 

 

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...