အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများအနက် ကရင်ပြည်နယ်မှ ၄၇ ဦးပါဝင်

အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများအနက် ကရင်ပြည်နယ်မှ ၄၇ ဦးပါဝင်

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ အကျဉ်းထောင်အသီးသီး၌ ဖမ်းဆီးထိန်းသိမ်းခံရသူထဲမှ နှစ်ထောင်ကျော်ကို ယမန်နေ့ (ဇွန်လ ၃၀ ရက်) စစ်ကောင်စီက ပြန်လည်လွတ်ပေးခဲ့ရာတွင် ကရင်ပြည်နယ်မှ ၄၇ ဦးပါဝင်သည်ဟု သိရှိရသည်။

ကရင်ပြည်နယ် ဖားအံမြို့ တောင်ကလေးအကျဉ်းထောင်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမိန့်မချမှတ်ရသေးသည့် အမှုရင်ဆိုင်ဆဲအချုပ်သား ၄၇ ဦးကို ပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးခံရသူများအတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။

၎င်းက "ဖားအံအကျဉ်းထောင်ကနေ လွတ်လာတာက ၄၇ ယောက်ရှိတယ်။ အဲ့မှာ မြဝတီနဲ့ ကော့ကရိတ်က အယောက် ၄၀ နဲ့ ဖားအံက ၇ ယောက်ပါတယ်။ လွတ်လာတဲ့သူတွေက အမိန့်မချရသေးတဲ့သူတွေချည်းပဲ" ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့ (ဇွန်လ ၃၀) ရက်တွင် နေပြည်တော် အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ်တွင် ဖမ်းဆီးအရေးယူထားသည့် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ကို အမှု ၈ မှုနှင့် ဖမ်းဆီးအရေးယူထားရာမှ ပြန်လည်လွတ်မြောက်ခွင့်ပေးထားကြောင်း ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြမှုနှင့်စပ်လျဉ်းပြီး ဖမ်းဆီးခံရသူများအနက် ယမန်နေ့ (ဇွန်လ ၃၀) ရက်တွင် ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသားပေါင်း ၂၂၉၆ ဦးကို အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်ပေးခဲ့သည်။

ကရင်ပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ တက်ကြွလှုပ်ရှားသူ လူငယ်များအပါအဝင် စုစုပေါင်း ၁၅၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု သိရသည်။

 
 

 

 

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...