မန္တလေး တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်မှ ဖမ်းဆီးခံထားရသည့် ရှမ်းနီတိုင်းရင်းသူများ ပြန်လည်လွှတ်မြောက်လာ

မန္တလေး တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်မှ ဖမ်းဆီးခံထားရသည့် ရှမ်းနီတိုင်းရင်းသူများ ပြန်လည်လွှတ်မြောက်လာ

မန္တလေးတိုင်းရင်းသား ပေါင်းစုံသပိတ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဖြိုခွဲဖမ်းဆီးခံခဲ့ရာ (၁၁) ဦး ဖမ်းဆီးခံခဲ့ရမှုတွင် ရှမ်းနီတိုင်းရင်းသူ (၄) ဦး ပါဝင်ခဲ့သည်။

ယနေ့ တစ်နိင်ငံလုံးအတိုင်းအတာဖြင့် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထားရသူများ လွတ်ပေးခဲ့ရာ မန္တလေး အိုးဘိုထောင်မှ ရှမ်းနီတိုင်းရင်းသူ (၃) ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

၎င်းတို့ (၃) ဦးသည် အိုးဘိုထောင်ထဲတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူများဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ရှမ်းနီတိုင်းရင်းသူ (၄) ဦးထဲမှ တက္ကသိုလ်ကျောင်းသူတစ်ဦးကို မတ်လ (၂၃) ရက်နေ့က စစ်ကောင်စီက ပြန်လည်လွတ်ပေးခဲ့သည်။

ယနေ့ လွတ်မြောက်လာသူစုစုပေါင်း နှစ်ထောင်ကျော်တွင် သတင်းသမားများ၊ ကဗျာဆရာများ၊ အနုပညာရှင်တချို့နှင့် ကျောင်းသား/သူများပါဝင်သည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...