ဗန်းမောက်မြို့နယ်တွင် Covid-19 အစုလိုက်ကူးစက်ခံရ လက်ရှိအတည်ပြုလူနာ (၅၆) အထိ ရှိနေဟုဆို

ဗန်းမောက်မြို့နယ်တွင် Covid-19 အစုလိုက်ကူးစက်ခံရ လက်ရှိအတည်ပြုလူနာ (၅၆) အထိ ရှိနေဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် Covid-19 ရောဂါပိုး အတည်ပြုလူနာ ယနေ့ညအချိန်ထိ စုံစမ်းသိရှိရသည့်စာရင်းအရ (၅၆) ဦးအထိရှိနေကြောင်း သိရသည်။

“ဗန်းမောက်မှာ ဂိတ်တော့လုပ်ထားတာတွေ့တယ်။ လောလောဆယ်တော့ Stay Home၊ လူပေါင်း ၇၀ ကျော်ရှိတာ ၅၆ ယောက်တော့ သေချာပြီ။ ကွင်းဆက်လိုက်နေကြပြီလို့ သိရတယ်” ဟု ‌ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောဆိုသည်။

ကူးစက်သူများလည်း မြို့ပေါ်ရှိ KTV တစ်ခုမှ အစုလိုက် ကူးစက်ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

ဗန်းမောက်မြို့နယ်တွင် Covid-19 ရောဂါပိုး ပထမလှိုင်း၊ ဒုတိယလှိုင်း စသည့်အချိန်တို့တွင် ရောဂါပိုးတွေ့ရှိခြင်း မရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...