တနိုင်ငံလုံးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးမည်ဖြစ်ပြီး အင်းစိန်ထောင်မှ ၇၀၀ ကျော်လွှတ်မည်

တနိုင်ငံလုံးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးမည်ဖြစ်ပြီး အင်းစိန်ထောင်မှ ၇၀၀ ကျော်လွှတ်မည်
ဓာတ်ပုံ - ရန်ကုန် အင်းစိန်ထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ
ဓာတ်ပုံ - ရန်ကုန် အင်းစိန်ထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ

နိုင်ငံအဝှမ်းအကျဉ်းထောင်များမှ အကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးမည်ဖြစ်ပြီး အင်းစိန်ထောင်မှ ၇၀၀ ကျော်လွှတ်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"တနိုင်ငံလုံးကို ၂၀၀၀ လောက်ရှိမယ်။ အင်းစိန်က ၇၀၀ ကျော်ရှိမယ်။ ဘယ်သူတွေပါမလဲဆိုတာက စာရင်းမရောက်သေးတော့ ပြောလို့မရသေးဘူး" ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ဘယ်လိုလူတွေပါမလဲဆိုတာတော့ ပြောဖို့ခက်တယ်။ စာရင်းမရောက်သေးလို့။ ဒါပေမဲ့ ဖေဖော်ဝါရီနောက်ပိုင်း ဖမ်းထားတဲ့သူတွေပါမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် ဖေဖော်ဝါရီနောက်ပိုင်း ဖမ်းဆီးခံရသူ အကျဉ်းသားအများစု ပါဝင်ဖွယ်ရှိရာ နိုင်ငံရေးအကျဉ်းသားများလည်း လွတ်မြောက်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

လက်ရှိတွင် အကျဉ်းသားများ ပြန်လွှတ်ပေးမည့်သတင်းကြောင့် အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသည့် မိသားစုဝင်များ ရောက်ရှိနေသည်ကို တွေ့ရသည်။

"ထောင်ဝင်စာတွေတဲ့သူတွေလည်းရှိတယ်။ လက်ဖက်ရည်ဆိုင် (လင်းကဖေး) ထဲမှာ ရှေ့နေတွေနဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူတချို့မိသားစုတွေ ထောင်ရှေ့မှာက လူ ၂၀ လောက်တော့ရှိတယ်။ ထောင်ရှေ့မှာ မရှိပေမယ့် တခြားနေရာတွေမှာလည်း စောင့်နေကြတယ်" ဟု ဖမ်းဆီးခံရသူများကို အခမဲ့ကူညီနေသည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၉ ရက်အထိ ဖမ်းဆီးခံရသူ ငါးထောင်ကျော်ရှိပြီး ယင်းတို့အနက် ပြစ်ဒဏ်ချမှတ်ခံရသူ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...