ဟုမ္မလင်းမြို့နယ်ရှိ စာသင်ကျောင်းတချို့ရှိ ဆရာမနှင့် ကျောင်းသားတချို့ Covid-19 ကူးစက်ခံထားရ

ဟုမ္မလင်းမြို့နယ်ရှိ စာသင်ကျောင်းတချို့ရှိ ဆရာမနှင့် ကျောင်းသားတချို့ Covid-19 ကူးစက်ခံထားရ

ဟုမ္မလင်းမြို့နယ်တွင် ဇွန်လတစ်လအတွင်း ကူးစက်သူ (161) ဦးထိရှိလာခဲ့ပြီး ထိုထဲတွင် ကျောင်းဆရာမတချို့နှင့် ကျောင်းသား/သူများလည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတွက်ကြောင့် ကူးစက်မှုနှုန်းမြင့်နေသည့် ဟုမ္မလင်းမြို့ မြို့မရပ်ကွက်ကို ဇွန်လ (၂၈) ရက်နေ့ကစပြီး Lockdown ချထားကြောင်း သိရသည်။

“အခြေအနေအရ ရပ်ကွက်တစ်ချို့ကိုလည်း lockdown ဆက်ချသွားဖို့ရှိတယ်။ နယ်တွေမှာဆိုရင်တော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုပဲ စီစဉ်ဖို့ ပြောထားတာတော့ တွေ့ရတယ်” ဟု covid-19 ကာကွယ်ရေးတွင် ပရဟိတလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများအား ခုတင် (၁၀၀) ပြည်သူ့ဆေးရုံ၊ ဆည်မြောင်းရုံး၊ ကောလိပ်ကျောင်းများတွင် ကုသမှုများပြုလုပ်နေကြောင်း သိရသည်။

ဟုမ္မလင်းမြို့တွင် ယခင်က Covid-19 ကူးစက်ရောဂါ ကာကွယ်ကုသပေးထားခဲ့သည့် ကျန်းမာရေးဆရာဝန်၊ သူနာပြုများ CDM လုပ်ရှားမှုတွင်ပါဝင်သောကြောင့် အလုပ်မှ ထုတ်ပယ်ခံရပြီး လက်ရှိတွင် Non CDM တချို့နှင့် စစ်ကောင်စီ ကျန်းမာရေးဌာနက ဆရာဝန်များဖြင့် ကုသပေးနေသည်ဟု သိရသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...