မော်လမြိုင်တက္ကသိုလ်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

မော်လမြိုင်တက္ကသိုလ်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

စစ်အုပ်စု၏ထိန်းချုပ်မှုဖြင့် ဖွင့်လှစ်ထားသော မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းသား၊ ဆရာ၊ ဝန်ထမ်း စုစုပေါင်း ၁၀၀ ကျော် ကိုဗစ်ရောဂါကူးစက်ခံထားရကြောင်း မော်လမြိုင်တက္ကသိုလ်သတင်းဌာနက ထုတ်ပြန်ထားသည်။

ဇွန်လ (၂၆) ရက်နေ့ နောက်ဆုံးစစ်ဆေးမှုအရ ယခင်စစ်ဆေးတွေ့ရှိထားပြီးသော ရောဂါပိုးကူးစက်ခံထားရသူ အယောက် (၄၀) ကျော်အပြင် နောက်ထပ် အင်ကြင်းဆောင်ကျောင်းသူ (၄၂) ဦးတို့ထံ၌ ရောဂါပိုး ကူးစက်ခံထား‌ရကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး အင်ကြင်းဆောင် အဆောင်မှူးဖြစ်သူ ရူပဗေဒဌာနမှ တွဲဖက်ပါမောက္ခတစ်ဦးလည်း ရောဂါပိုးကူးစက်ခံထားရကြောင်း သိရသည်။

လက်ရှိအချိန်အထိ စစ်ဆေးပေါ်ပေါက်မှုများအရ တက္ကသိုလ်အင်ဂျင်နီယာဌာနရှိ ရောဂါပိုးကူးစက်ခံထားရသူ ဝန်ထမ်းများနှင့် ၎င်းတို့နှင့် ထိတွေ့ထားသူများ၊ အင်ကြင်းဆောင် တဆောင်လုံးနီးပါး ကူးစက်ခံထားရခြင်းများအပြင် သင်ကြားရေးပိုင်းမှ ဆရာ၊ ဆရာမများထံ၌လည်း Covid-19 ရောဂါပိုးစစ်ဆေးတွေ့ရှိရပြီး ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း (၁၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂလည်းမှ ထုတ်ပြန်ထားသည်။

စာမေးပွဲဖြေဆိုသူထဲမှလည်း ရောဂါပိုးကူးစက်ခံရမှုရှိနေပြီး ကျောင်းပိတ်ခြင်းမရှိသဖြင့် အများက ဝေဖန်နေကြသည်။

 
 

 

 

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...