စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ခိုက်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ ခု ပူးပေါင်း

စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ခိုက်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ ခု ပူးပေါင်း

စစ်အာဏာရှင် အမြစ်ပြတ်တိုက်ခိုက်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြောက်ခုက ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။

မန္တလေးကိုယ်စားပြု အထူးပျောက်ကြားတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရန်ကုန်)၊ (မကွေး)၊ (ကျောက်ဆည်)၊ (စစ်ကိုင်း) နဲ့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ခိုက်ရေးအတွက် တော်လှန်ရေးညီအကိုတွေ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချိတ်အဆက်မိမိနဲ့ စစ်အာဏာရှင်ကိုတော်လှန်ဖို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တာလို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

မဟာမိတ်အဖွဲ့တွေအနေနဲ့ ပူးပေါင်းချိတ်ဆက်ပြီး မြို့နယ်၊ တိုင်း၊ ခရိုင်အလိုက် ထိရောက်တဲ့ တော်လှန်ရေးလုပ်ဆောင်မှုတွေကို လုပ်ဆောင်သွားမှာလို့ သိရပါတယ်။

ဒီ့အပြင် မြို့တွင်းပျောက်ကြားစနစ် (သို့မဟုတ်) စစ်ကောင်စီတပ်တွေနဲ့ မြို့နယ်၊ တိုင်းတစ်ခုခုမှ PDF တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရင် ကျန်ရှိနေတဲ့ PDF အဖွဲ့တွေကလည်း သက်ဆိုင်ရာဒေသအလိုက် ဝိုင်းဝန်းတိုက်ခိုက်ကြဖို့ အစည်းအဝေးမှာ သဘောတူခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။  

အလားတူ တိုက်ပွဲဖြစ်နေချိန်မှာ PDF တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကို လူမှုကွန်ယက်တွေပေါ်တင်တာမျိုး မပြုလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံခဲ့ပါတယ်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...