မြန်မာစစ်တပ်မှ အရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှုကျူးလွန်နေခြင်းကို အရေးယူရန် နိုင်ငံတကာသို့ လူ့အခွင့်အဖွဲ့များတိုက်တွန်း

မြန်မာစစ်တပ်မှ အရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှုကျူးလွန်နေခြင်းကို အရေးယူရန် နိုင်ငံတကာသို့ လူ့အခွင့်အဖွဲ့များတိုက်တွန်း

မြန်မာစစ်တပ်မှ အရပ်သားပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်ခြင်းများ ကျူးလွန်နေခြင်းကို အပြစ်ပေးအရေးယူရန် ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် ညှင်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ လူ့အခွင့်အရေးအဖွဲ့ ၈ ဖွဲ့မှ နိုင်ငံတကာသို့ တိုက်တွန်းလိုက်သည်။

နိုင်ငံတဝှမ်း ပြည်သူလူထုတစ်ရပ်လုံးနီးပါး စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ချိန်တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်စက်ကြမ်းကြုတ်စွာ ပြန်လည်တုန့်ပြန်လျက်ရှိသည်။

“လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ညှင်းပန်းနှိပ်စက်ခြင်းဟာ နိုငံတကာဥပဒေသာမက မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေကိုပါ ချိုးဖောက်နေတာဖြစ်တယ်” ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဇွန်လ ၂၅ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၈၈၁ ဦးနှင့် ဖမ်းဆီးခံရသူ ၆၃၄၈ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ စာရင်းအရ သိရသည်။

နိုင်ငံကာအသိုင်းအဝိုင်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုရန်နှင့် လက်ရှိ မြန်မာနိုင်ငံအခြေအနေအား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းမှုပြုလုပ်ရန် အာရှတရားမျှတရေးနှင့်လူ့အခွင့်အရေးအဖွဲ့ (AJAR)၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားများနှင့်လူငယ်များအစည်းအရုံး (AASYC)၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) စသည့် အဖွဲ့အစည်း ၈ ဖွဲ့က တိုက်တွန်းထားခြင်းဖြစ်သည်။

လက်ရှိဖွဲ့စည်းထားသည့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျူးလွန်သော ညှင်းပန်းနှိပ်စက်မှုများကို မှတ်တမ်းတင်ရန်၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၏ ရောမစာချုပ်ကို လက်ခံခြင်းနှင့် အတိတ်မှရာဇဝတ်မှုများအတွက် ICC ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ကြေညာခြင်းအပါအဝင် တရားမျှတမှုအတွက် ကျူးလွန်သူများကို တရားစီရင်ရင်ရေးသို့ ခေါ်ဆောင်ရန်အတွက် ကတိကဝတ်ပြန်ရန် ထုတ်ပြန်ချက်တွင်ပါရှိသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင်ကျင်းပသည့် မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးတွင် အချက် (၅) ကို သဘောတူညီချက်ရယူခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။

ယင်းအချက်များမှာ  အကြမ်းဖက်မှုများရပ်တန့်ရန်၊ စစ်တပ်နှင့် အတိုက်အခံများအကြား တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်း စာနာထောက်ထားရေးအကူအညီများ ဝင်ရောက်ခွင့်ပြုရန်နှင့် အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန်တို့ ပါဝင်သည်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အနေဖြင့် ၎င်းတို့သဘောတူညီထားသည့် အချက် ၅ ချက်ကို အကောင်အထည်ဖော်မည့် အချိန်ကာလသတ်မှတ်ရန်နှင့် မြန်မာစစ်အုပ်စုမှ တာဝန်ခံမှုရှိစေရေးအတွက် ထိရောက်ပွင့်လင်းစွာဆောင်ရွက်ရန်လည်း လူ့အခွင့်အရေးအဖွဲ့များ၏ ယနေ့ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာပြည်တွင်းရေး အခြေအနေမတည်ငြိမ်သေးဘဲ အရှေ့တောင်အာရှ ကိုယ်စားလှယ်အဖွဲ့ကို လာရောက်ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း မြန်မာစစ်တပ်ဖက်က ပြောဆိုထားသည်။

စစ်တပ်အာဏာသိမ်းသည့်ခြင်း ရက်ပေါင်း ၁၄၆ ရက်အထိ ရှိလာပြီးဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးရပ်တန့်မသွားဘဲ ပြည်သူထုလုတစ်ရပ်လုံးနီးပါး နည်းမျိုးစုံဖြင့် ဆက်လက်ဆန္ဒဖော်ထုတ်လျက်ရှိသည်။

 
 

 

 

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...