ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရဟု မိသားစုဝင်များပြော

ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရဟု မိသားစုဝင်များပြော

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လာသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်မှာ ရန်ကုန်လေဆိပ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ဖမ်းဆီးခံရကြောင်း မိသားစုဝင်များက DMG သို့ အတည်ပြုပြောဆိုသည်။

ကိုကျော်သန်းလှိုင်ကို မည်သည့်အတွက် ဖမ်းဆီးသွားသည်ကို မသိရှိရသေးသော်လည်း ရန်ကုန်လေဆိပ်၌ ဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း ကိုကျော်သန်းလှိုင်၏ ဇနီးဖြစ်သူ ဒေါ်စိုးမိုးအေးက ပြောသည်။

"ဟုတ်ပါတယ်။ သူ့ကို ရန်ကုန်လေဆိပ်မှာ ဖမ်းသွားတယ်လို့သိရယ်။ သူက ဂျပန်ကနေ ဇွန်လ ၂၄ ရက်က ထွက်လာတာ။ ဒီနေ့မနက်က သူနဲ့အဆက်သွယ်မရတော့ဘူး။ အခုလောလောစဉ် ကျမကလည်း ဘာဆက်လုပ်ရမလဲဆိုတာ လူကြီးတွေနဲ့တိုင်ပင်ရအုံးမေ။ သူ့ကို ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကိုတော့ မသိရသေးဘူး" ဟု ပြောသည်။

ကိုကျော်သန်းလှိုင်၏ ညီဖြစ်သူ ကိုဝင်းသန်းကလည်း “သူကအမှန်ဆိုရင် ရန်ကုန်လေဆိပ်ကို ဒီနေ့ ၉ နာရီလောက်ရောက်မယ်ပြောတယ်။ ကျနော် ၁၀ နာရီလောက်မှာ အဆက်အသွယ်လုပ်ကြည့်တော့ အဆက်အသွယ်မရတော့ဘူး။ သူ့ကို ဘာလို့ ဖမ်းသွားတာလဲဆိုတာတော့ မသိဘူး။ ကျနော့်အစ်ကိုမှာ ဘာအပြစ်မှ မရှိဘူး။ သူအတွက် စိုးရိမ်မှုတွေတော့ရှိတယ်” ဟု ဆိုသည်။

ကိုကျော်သန်းလှိုင်မှာ ရခိုင်လူမှုရေးအသင်း (ဂျပန်) ၌ ၂၀၁၉-၂၀ ခုနှစ်တွင် ပြန်ကြားရေးမှူး၊ ၂၀၁၀-၁၁ ခုနှစ်တွင် ဘဏ္ဍာရေးမှူး၊ ၂၀၁၁-၁၂ ခုနှစ်တွင် စာရင်းစစ်မှူး၊ ၂၀၁၂-၁၃ တွင် ဒု-ဥက္ကဌ၊ ၂၀၁၃-၁၄-၁၅ ခုနှစ်တွင် အတွင်ရေးမှူး၊ ၂၀၁၅-၁၆-၁၇ ခုနှစ်တွင် ဥက္ကဌတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း ရခိုင်လူမှုရေးအသင်း (ဂျပန်) မှ သိရသည်။

 
 

 

 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...