မြင်းခြံမြို့နယ်တွင် ရေလုပ်သားနှစ်ဦးအား စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက်၍ ငွေမတရားတောင်း

မြင်းခြံမြို့နယ်တွင် ရေလုပ်သားနှစ်ဦးအား စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက်၍ ငွေမတရားတောင်း

မန္တ‌လေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု ရွာဟောင်းကုန်းတောင်ဘက် ဧရာ၀တီမြစ်မဘေးရှိ ကမ်းစပ်တစ်ခုတွင် ကျက်စားနေသော ဒေသခံရေလုပ်သားနှစ်ဦးအား ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်မှ အကြမ်းဖက်ရိုက်နှက်၍ ငွေမတရားတောင်းခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ကျွန်တော်တို့လို ရေလုပ်သားတွေက မြစ်ကမ်းစပ်ဘေးက ဒီလှေပေါ်မှာပဲစား‌တာ၊ လှေက အိမ်ပဲလေ၊ ညက ပိုက်တန်းပြီး စောင့်အိပ်နေတာ၊ ညတချက်ထိုးမှာ ၀င်ဖမ်းပြီး ပါးတွေနရင်းတွေ အကြောင်းပြချက်မရှိ ပိတ်ရိုက်ပြီး ကျွန်တော်တို့‌နှစ်ယောက်ကို တစ်ယောက်ကို (၁၅) သိန်းစီတောင်းတယ်၊ စစ်သားဆယ်ယောက်၀န်းကျင်နဲ့ သူတို့ကိုလိုက်ပြတဲ့ အရပ်၀တ်နှစ်ယောက်ပါတယ်။ ကျွန်တော်တို့လဲ တစ်နေ့လုပ်မှ တစ်နေ့စားရတာကို မတက်သာတဲ့အဆုံး ရွာထဲက အင်းသူကြီးတွေရော ဟိုလူ့ဆီကစု၊ ဒီလူ့ဆီကစုနဲ့ မနက် ၃ နာရီထိုးအထိ ရသလောက်စုပြီး တစ်ယောက် (၅) သိန်းစီပေးလိုက်ရတယ်၊ လိုက်စုနေတဲ့ကြားကလဲ တောက်လျှောက်အရိုက်ခံရတယ်၊ ပြီးတော့ နောက်နေ့လဲမမြင်ချင်ဘူး၊ တွေ့ခဲ့ရင် အကုန်မီးရှို့ဖျက်ဆီးမယ်လို့လဲ ပြောသွား‌တယ်၊ ကျွန်တော်တို့မှာ ပြန်ခုခံနိုင်စွမ်းမရှိ၊ လက်နက်လဲမရှိ သူတို့လုပ်သမျှ ငြိမ်ခံနေရတယ်" ဟု တံငါသည်ရေလုပ်သားတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါမြစ်ကမ်းစပ်နှင့် မနီးမဝေးရှိ ကျေးရွာဘက်တွင်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်က အကြမ်းဖက်စစ်ကောင်စီတပ်မှ အကြောင်းမဲ့ တစ်အိမ်၀င်တစ်အိမ်ထွက် ရှာ‌ဖွေစစ်ဆေးခြင်း၊ အကြမ်းဖက်ဖမ်းဆီးနှိပ်စက်မှုအချို့ လုပ်ဆောင်ခဲ့ခြင်းများရှိခဲ့သည်။

မြင်းခြံမြို့အပါအ၀င် ကျေးရွာအချို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဒေသခံလူငယ်များဖမ်းဆီးခြင်း၊ အကြောင်းမဲ့ သေနတ်ရမ်းသမ်းပစ်ဖောက်မှုများ မကြာခဏပြုလုပ်ခြင်းများရှိနေသည်။

ထိုကဲ့သို့ အကြမ်းဖက်ခြိမ်းခြောက်မှုကြောင့် ကျေးရွာအချို့ရှိ ဒေသခံပြည်သူများနေရပ်စွန့်ခွာ၍ တခြားရွာသို့ ကူးလူးထွက်ပြေးတိမ်းရှောင်ခြင်းများရှိကြောင်း ရွာခံအချို့၏ပြောပြချက်အရ သိရသည်။

 
 

 

 

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...