အကြမ်းဖက်စစ်ကောင်စီယာဉ် ၃ စီး မိုင်းမိ အကျအဆုံးရှိ

အကြမ်းဖက်စစ်ကောင်စီယာဉ် ၃ စီး မိုင်းမိ အကျအဆုံးရှိ

ပုလဲမြို့နယ်အနောက်ဘက်က နဂါးမတောင်မှာ စစ်‌ကောင်စီတပ် စစ်ကားသုံးစီး မိုင်းမိ‌ကာ အကျအဆုံးရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန် ၂၅ ရက်၊ မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ မုံရွာနယ်ဘက်ကနေ ပုလဲနယ်ဘက်ကိုတက်လာတဲ့ စစ်ကားယာဉ်တန်း ၅၆ စီးထဲက သုံးစီးမိုင်းထိခဲ့တာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတစ်ဦးက မဇ္စျိမကိုပြောပါတယ်။

“မနက်က စစ်ကောင်စီကားတွေ တက်တဲ့လာအချိန်မှာ၊ ကျွန်တော်တို့ ခရိုင်ညီအစ်ကိုတပ်တွေထောင်ထားတဲ့ မိုင်းမိတာပါဗျ၊ မြေပြင်က သတင်းပို့လာလို့ အတည်ပြုလို့ရပါတယ်” လို့ သူကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယင်းမပင်နယ်၊ ပုလဲနယ်ဘက်တွေမှာ မကြာခနဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။

ဘန့်ဘွေးရွာအနောက်ဘက်နဲ့ တရော်ကျင်းကျေးရွားကြားမှာ တစ်ကြိမ်၊ တရော်ကျင်းကျေးရွာထဲမှာ တစ်ကြိမ် စုစုပေါင်း တိုက်ပွဲနှစ်ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ၃၀ ယောက်လောက်ကျပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦးကျဆုံးခဲ့တယ်လို့ PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဇွန်လ ၂၂ ရက် မုံရွာမြို့ရဲ့ ၁၆ မိုင်အကွာ မုံရွာ-ကလေးဝ-ယာကြီးလမ်းပေါ်က တရော်ကျင်းကျေးရွာကို စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့် ဝင်ရောက်ပြီး ဖျက်ဆီးနေချိန် မုံရွာဘက်က စစ်ကူတက်လာတဲ့ စစ်ကားတွေကို PDF က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဘန့်ဘွေးရွာရဲ့ အနောက်ဘက်တစ်မိုင်ခန့်အကွာ ဖန်းခါးချောင်းနားအရောက်မှာ စစ်ကူတက်လာတဲ့စစ်ကား မိုင်းမိပြီး စစ်သား ၂၀ ခန့် သေဆုံးခဲ့တယ်လို့လဲ ဆိုပါတယ်။

"ထိတွေ့တိုက်ပွဲဖြစ်တုန်းကတော့ အင်အား ၄၅ ဝန်းကျင်လောက်နဲ့ သူတို့ဘက်က တက်လာတယ်၊ စစ်ကားအကြီးတွေနဲ့ တကယ်ရှေ့တန်းထွက်တဲ့အတိုင်းပဲဗျာ၊ ပြောရမယ်ဆိုရင် ကားကို နောက်ချန်ပြီး ခြေလျင်ဆင်းရှောက်လာကြတာဗျ” လို့ဆိုပါတယ်။

သုံးနာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သားတွေဟာ ဘန့်ဘွေးအုပ်စု၊ ထန်းဇင်တောပြင်က နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အေးအေးချမ်းချမ်းနေထိုင်ကြတဲ့ ကျေးရွာတွေကို ခုလို ဝင်ရောက်ပစ်ခတ်၊ ဖျက်ဆီးမှုတွေအတွက် စစ်ကောင်စီတပ်တွေကို ရှိတဲ့လက်နက်နဲ့ တိုက်ထုတ်သွားမယ်လို့ ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့တက်လာရင် တက်လာသလို ကျွန်တော်တို့က ရှင်းမှာပဲ၊ ကျွန်တော်တို့က မတရားမှုကို မလိုချင်တဲ့သူတွေဗျာ၊ ဒီထဲမှာ ကျောင်းသားတွေလဲပါတယ်၊ ပြည်သူလူထုတွေလဲပါတယ်၊ မတရားမှုလာလုပ်တာကိုတော့ ခေါင်းငုံ့မခံနိုင်ဘူး၊ ရတဲ့နည်းနဲ့ ဖီဆန်တော်လှန်နေမှာပါ” လို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့လဲ ယင်းမပင်ခရိုင်နဲ့ ပုလဲမြို့နယ်အတွင်းက မုံရွာ-ကလေးဝ-ယာကြီး ကုန်းလမ်းကြောင်းနဲ့ ချင်းတွင်းမြစ်ထဲက ရေလမ်းကြောင်းတွေကို မလိုအပ်ပဲ မသွားကြဖို့ တောင်းဆိုထားပါတယ်။

 
 

 

 

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...