ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ်ပိုင် Mytel ဖုန်းအော်ပရေတာလိုင်း ၄ ခု တစ်ပြိုင်ထဲ မီးရှို့ခံရ

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ်ပိုင် Mytel ဖုန်းအော်ပရေတာလိုင်း ၄ ခု တစ်ပြိုင်ထဲ မီးရှို့ခံရ

ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ စစ်တပ်ပိုင် Mytal ဖုန်းအော်ပရေတာ ဆက်သွယ်ရေးလိုင်း ၄ ခုကို ဇွန်လ ၁၄ ရက် ည ၁၁ နာရီဝန်းကျင်အချိန်တွင် မီးရှို့ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ဝင်းရော်ဒေသ တောင်ဒီး၊ ထီမံထို၊ ကျုံခဝန်၊ ဖားပြရွာရှိ တည်ဆောက်ထားသည့် ဖုန်းတိုင်များတွင် Mytel (မိုင်တဲလ်)၊ အော်ရီဒူး၊ တယ်လီနော၊ MPT ဆက်သွယ်ရေးအော်ပရေတာလိုင်းများ တပ်ဆင်ထားလျက်ရှိပြီး တပ်ဆင်ထားသည့် စက်ပစ္စည်းများ မီးရှို့ခံရမှုကြောင့် ဆက်သွယ်ရေးပြတ်တောက်မှုများ ဖြစ်ပေါ်နေဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

“ည ၁၁ နာရီအချိန်မှာ ဖုန်းတိုင်အောက်မှာတပ်ဆင်ထားတဲ့ စက်တွေ မီးလောင်တာပေါ့နော်။ စက်စ္စည်းတွေ မိုင်တဲလ်ဖုန်းလိုင်းနဲ့ အော်ရီဒူးလိုင်းတွေ ခုထိဆက်လို့မရသေးဘူး။ ၄ နေရာလောက် မီးရှို့ခံရတယ်” ဟု အမည်မဖော်လိုသည့် ဝင်းရော်ဒေသခံတစ်ဦးက ယနေ့ ဇွန် ၂၅ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။

ဆက်သွယ်ရေးဖုန်းတာဝါတိုင် မီးလောင်မှုကြောင့် စက်ယန္တာယားနှင့် ဆက်သွယ်ရေးကိရိယာသိုလောင်ခန်း မီးလောင်ပျက်စီးသွားသည့်အပေါ် နယ်မြေရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှလည်း ယခုဖြစ်စဉ်အပေါ် စုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း အမည်မဖော်လိုသည့် ကျေးရွာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...