ပဲခူးကာကွယ်ရေးတပ် ညောင်လေးပင်မြို့အဝင်ရဲကင်းကို ဝင်စီး၊ စစ်သားနှင့်ရဲ ၇ ဦးသေဆုံး

ပဲခူးကာကွယ်ရေးတပ် ညောင်လေးပင်မြို့အဝင်ရဲကင်းကို ဝင်စီး၊ စစ်သားနှင့်ရဲ ၇ ဦးသေဆုံး

ပဲခူးတိုင်း ညောင်လေးပင်မြို့အဝင်ရှိ ရဲကင်းစခန်းတစ်ခုကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ် (BDF) က ဇွန်လ ၂၂ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၇ ဦးသေဆုံးကြောင်း ကာကွယ်ရေးတပ်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

"ကျွန်တော်တို့ မနေ့က ရဲကင်းစခန်းတစ်ခုကို ဝင်တိုက်ခဲ့တယ်။ အဲဒါက မန္တလေးက PDF ရဲဘော်တွေအတွက် လက်တုံ့ပြန်တာပါ။ လုံခြုံရေးကြောင့် တစ်ချို့အကြောင်းအရာတွေကို ထုတ်ပြောလို့မရပါဘူး။ ကျွန်တော်တို့ပြောချင်တာက စစ်ကောင်စီကကောင်တွေ မင်းတို့ ပြည်သူတွေကို မတရားအနိုင်ကျင့် စော်ကားသတ်ဖြတ်နေရင် ငါတို့ အခုလို ပြန်တုံ့ပြန်မယ်လို့ ပြောချင်ပါတယ်။ ပဲခူးမြို့က လူသေဆုံးမှု့များခဲ့သည့် ဧပြီလ ၉ ရက်နေ့ကို ကျွန်တော်တို့ ဘယ်တော့မှမမေ့ဘူး" ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမယ်တင်က မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ပွဲတွင် BDF ဘက်က အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 
 

 

 

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...