KNU တပ်မဟာ (၁) နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီ ၈ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

KNU တပ်မဟာ (၁) နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီ ၈ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် (တပ်မဟာ-၁) နယ်မြေတွင် ယမန်နေ့ (ဇွန် ၂၁ ရက်) က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၈ ဦးကျဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

KNU တပ်မဟာ (၁) နယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်မြေခံ KNLA တပ်ရင်း (၁) တို့အကြား ယမန်နေ့ တကောင်ဘိုးရွာအနီးအနားတွင် ထိပ်တိုက်တွေ့ဆုံရာမှ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNU ဗဟိုစည်းရုံးရေးနှင့် သတင်းပြန်ကြားရေးဌာန ဒု-တာဝန်ခံ ပဒိုစောကလယ်စေးက ပြောသည်။

၎င်းက "မနေ့က (ဇွန် ၂၁ ရက်) တိုက်ပွဲဖြစ်တယ်။ ညက ၈ နာရီလောက်မှာလည်းဖြစ်တယ်။ စစ်ကောင်စီဘက်က ၈ ယောက်ကျတယ်။ ၄ ယောက် ဒဏ်ရာရတယ်။ သူတို့ဘက်က လှုပ်ရှားမှုများလာပြီး ပဋိပက္ခဆက်ဖြစ်လာတဲ့အတွက်ကြောင့် အခုလို တိုက်ပွဲဖြစ်တယ်" ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် ဒေသခံရွာသားများ၏ ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရှိရသေးကြောင်း၊ တိုက်ပွဲကြောင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့မှာ ၎င်းတို့၏နေအိမ်ထဲတွင်ပင် ပုန်းအောင်းနေရကြောင်းလည်း ပဒိုစောကလယ်စေးက ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ဖေဖော်ဝါရီလဆန်းမှစ၍ KNU သထုံခရိုင် (တပ်မဟာ ၁) နယ်မြေအတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုနှင့် တပ်အင်အားဖြည့်တင်းမှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် နယ်မြေခံ KNLA တပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်ဟု KNU ဘက်က ပြောသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...