မန္တလေးပစ်ခတ်တိုက်ခိုက်မှုတွင် စစ်အုပ်စုဘက်က ၂ ဦးသေ၊ PDF ဘက်က ၆ ဦးဖမ်းဆီးခံရဟု PDF ပြန်ကြားရေးတာဝန်ခံပြော

မန္တလေးပစ်ခတ်တိုက်ခိုက်မှုတွင် စစ်အုပ်စုဘက်က ၂ ဦးသေ၊ PDF ဘက်က ၆ ဦးဖမ်းဆီးခံရဟု PDF ပြန်ကြားရေးတာဝန်ခံပြော

မန္တလေးမြို့မှာ ဒီနေ့ ဇွန်လ ၂၂ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်အုပ်စုတပ်တွေနဲ့ မန္တလေး PDF တို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က နှစ်ဦးသေဆုံးကာ PDF ဘက်က ခြောက်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေး PDF ရဲ့ သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ကိုထွန်းတောက်နိုင်က မဇ္ဈိမကို ပြောပါတယ်။

“သူတို့စစ်ကောင်စီဘက်က အနည်းဆုံး နှစ်ဦးကျတယ်။ အဲ့ဒီအတွင်းထဲမှာရှိတဲ့သူက ပစ်ပြီး ကိုယ်တိုင်ဖုန်းဆက် ကျွန်တော့်ကို သတင်းပေးသွားတာပါ။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်လည်းရှိတယ်။ ဖမ်းဆီးခံလိုက်ရတာလည်းရှိတယ်။ ကျွန်တော်တို့ အဲ့ဒီနေရာကို ပေးလိုက်ရတယ်။ အဲ့နေရာက အဆောင်သဘောလောက်ပဲ ထားတာဆိုတော့ လက်နက်ကတော့ နှစ်လက်ပဲပါသွားတယ်။ အဲ့ဒီကနေ ဆုတ်ခွာရင်း PDF ခြောက်ဦး ဖမ်းဆီးခံလိုက်ရတယ်။ အဲ့ထဲက နှစ်ဦးက လက်နက်ကြီးထိထားတာ။ ကျဆုံးမှုတော့ မရှိဘူး” လို့ ကိုထွန်းတောက်နိုင်က ပြောပါတယ်။

စစ်အုပ်စုတပ်တွေက ဒလန်သတင်းပေးမှုကြောင့် PDF တပ်ဖွဲ့တွေရှိရာ ချမ်းမြသာစည်မြို့နယ်၊ ၅၄ လမ်း၊ ၁၁၁ လမ်းနဲ့ ၁၁၂ ကြားက တိုက်ခန်းအနီးအနားကို ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်က ဝိုင်းထားရာကနေ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“သူတို့ဘက်က ကျွန်တော်တို့ရှိတဲ့နေရာကို အနံ့ရသွားတယ်။ ဒလန်ကြောင့်လို့လည်း ကျွန်တော်တို့သိရတယ်။ အဲ့ဒီအနေအထားမှာ သူတို့က ကျွန်တော်တို့ကို အရင်ဝိုင်းလိုက်တယ်။ သိသိချင်းမှာပဲ ကျွန်တော်တို့လူတွေက နေရာယူလိုက်တယ်။ လှုပ်ရှားတယ်။ နောက်ပိုင်းမှာ အပြန်အလှန်ပစ်ခတ်မှုရှိလာတာပါ။ သူတို့ဘက် အင်အားတွေ တဖြည်းဖြည်းတိုးလာပြီး လက်နက်ကြီးတွေနဲ့ပါပစ်လို့ သေသေချာချာတိုင်ပင်ပြီး ဘာမှဆက်မလုပ်နဲ့တော့ အဲ့နေရာကိုပေးလိုက်တော့ဆိုပြီး ကျွန်တော်တို့ ဆုတ်ခွာခဲ့တာပါ” လို့ ကိုထွန်းတောက်နိုင်က ပြောပါတယ်။

စစ်အုပ်စုဘက် ကနဦးထုတ်ပြန်ချက်မှာတော့ ဒီနေ့မနက် မန္တလေးမြို့ပေါ်တိုက်ပွဲအတွင်း PDF အဖွဲ့ဝင် ရှစ်ဦးသေဆုံး၊ ရှစ်ဦးဖမ်းဆီးရမိခဲ့ပြီး စစ်အုပ်စုတပ်သားအချို့ အပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပါရှိပါတယ်

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...