မန္တလေးမြို့ခံများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) ဝင်များကို အကူညီပေးကြဖို့ တောင်းဆို

မန္တလေးမြို့ခံများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) ဝင်များကို အကူညီပေးကြဖို့ တောင်းဆို

မန္တလေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခေတ်မှုဖြစ်ပွားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းအကူညီပေးကြဖို့ကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) ရဲ့ ချေမှုန်းရေးခေါင်းဆောင် ဗိုလ်ဇီးကွက်က တောင်းဆိုလိုက်ပါတယ်။

"ကျွန်တော်တို့ရဲ့ ပြောက်ကျားတပ်ခွဲတစ်ခု ဝင်းစီးခံရခြင်းနှင့်အတူ စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွင် မန္တလေးပြည်သူတွေရဲ့ အကူအညီကို များစွာလိုအပ်နေပါတယ်လို့" ဗိုလ်ဇီးကွက်က ဆိုပါတယ်။

တဆက်ထဲမှာပဲ အခြား ပြည်သူ့ကာကွယ်ရေးတပ်ခွဲများအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့်နေရာကို ဝင်ရောက်ကူညီပစ်ခတ်ခြင်းနှင့်အတူ တပ်ကူပေးခြင်းတို့ကို လုပ်ဆောင်နေချိန်တွင် ဒေသခံများအနေဖြင့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာပေါ်သို့ မတင်ပေးခြင်း ပူးပေါင်းပါဝင်ကြဖို့ကို တိုက်တွန်းထားပါတယ်။

ဇွန်လ ၂၂ ရက် မနက်အစောပိုင်းက ထွန်းတုံးရပ်ကွက် ၁၁၁ လမ်းနှင့် ၅၄ လမ်းအနီးမှာ အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားရာနေရာတွင် အကြမ်းဖက်စစ်ကောင်စီမှာ ၁၀၀ ဝန်းကျင်ခန့်ဖြင့် လမ်းမတလျှောက် ပိတ်ဆို့ထားလျက်ရှိကြောင်း ဒေသခံများထံမှာသိရပါတယ်။

"အဲမှာ ကားသေးက ၄ စီး၊ အိမ်စီးကားလည်းပါတယ်။ စစ်သားတွေတင်တဲ့ ကားအကြီးက ၇ စီးလောက်ရှိတယ်။ ဒီကလူတွေကတော့ အခြေအနေကြည့်နေတုန်းပဲ" ဟု ဒေသခံတွေကဆိုပါတယ်။

လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားရာတွင် ထိခိုက်ကျဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...