အင်းတော်ကြီးတောင်ထိပ် ကပ်ကျော်လမ်းတွင် အမျိုးသမီးနှစ်ဦး အသတ်ခံထားရသည့် ရုပ်အလောင်းတွေ့

အင်းတော်ကြီးတောင်ထိပ် ကပ်ကျော်လမ်းတွင် အမျိုးသမီးနှစ်ဦး အသတ်ခံထားရသည့် ရုပ်အလောင်းတွေ့

အင်းတော်ကြီးနှင့် မိုးညှင်းမြို့ ကပ်ကျော်လမ်းတွင် အမျိုးသမီးနှစ်ဦး အသတ်ခံထားရသည့် ရုပ်အလောင်းကို ယ‌နေ့တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အသတ်ခံထားရသူနှစ်ဦးသည် အသက် (၁၃) နှစ်နှင့် အသက် (၁၅) နှစ်အရွယ်ဖြစ်ပြီး အင်းတော်ကြီး မိုင်းနောင်ကျေးရွာ မြနန္ဒာရပ်မှဖြစ်ကြောင်း မိုင်းနောင်အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဘယ်လိုဖြစ်လဲဆို‌တော့ နမ့်မွန်းနတ်ကြီးကုန်းက ကိုဝင်းမြင့်နိုင်တဲ့သူက ရုန်းခုတ်သွားရင်းတွေ့ခဲ့တာ။ သူကနေပြီး ဖုန်းဆက်ခဲ့လို့ ကျွန်တော်တို့‌တွေ့သွားကြည့်တာ။ ကောင်မလေးကို မုဒိမ်းကျင့်ပြီးတော့ ကျောက်ခဲနဲ့ ထုခွဲထားတာ” မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ဆိုသည်။

၎င်းတို့နှစ်ဦးသည် ဇွန်လ ၁၀ ရက်နေ့ကတည်းက ဟဲပုကျေးရွာရှိ ကမ်းခြေတွင် ရေကစားသွားရင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့မှသာ ပျောက်ဆုံးကြောင်း မိုင်းနောင်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည်ဟုဆိုသည်။

ထိုဖြစ်စဉ်နှင့် သေမှုသေခင်းဖွင့်လှစ်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်သည့် သဲလွန်စတချို့လည်းရရှိထားကြောင်း ၎င်းအုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...