စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ (၅) ဦးရှိလာ

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ (၅) ဦးရှိလာ

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့်သေဆုံးသူ (၅) ဦးအထိရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေကတဆင့် သိရပါတယ်။

ဇွန်လ (၁၄) ရက်နေ့အထိ (၃) ဦးသေဆုံးခဲ့ပြီး ယနေ့တွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက်ကုသနေခဲ့ပြီးနောက် (၂) ဦး ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။

ဒိကနေ့မှာတော့ အသက် (၇၂) နှစ်အရွယ်လူနာနှင့် အသက် (၅၃) နှစ်အရွယ် အမျိုးသားလူနာ (၂) ဦးတို့  သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိတွင် သေဆုံးသူကို စောင့်ရှောက်နေသူများနှင့် မိသားစုဝင်တွေကိုလည်း ဆေးရုံမှာ ဆက်လက်စောင့်ကြည့်ကုသနေတယ်လို့ သိရပါတယ်။

မော်လမြိုင်တွင် ကျော်ကြားဆောက်လုပ်ရေးမှ လှူဒါန်းထားသော isolation Ward - 3 ကို အရပ်ဘက်ကုသမှုအနေဖြင့် ပြန်လည်ဖွင့်လှစ်ထားပြီး ဒေသခံလူမှုကူညီရေးအဖွဲ့တွေရဲ့ ကူညီမှုနှင့် လုပ်ငန်းပြန်လည်လည်ပတ်နေပါတယ်။

တကျော့ပြန်ပြန်လည်မြင့်တက်လာသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅၀ ကျော်နေပြီဟု မော်လမြိုင်ဆေးရုံကြီးရဲ့ ကိန်းဂဏန်းအချက်အလက်တွေကနေ သိရပါတယ်။

 
 

 

 

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...