စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့်သေဆုံးသူ (၅) ဦးအထိရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေကတဆင့် သိရပါတယ်။
ဇွန်လ (၁၄) ရက်နေ့အထိ (၃) ဦးသေဆုံးခဲ့ပြီး ယနေ့တွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက်ကုသနေခဲ့ပြီးနောက် (၂) ဦး ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။
ဒိကနေ့မှာတော့ အသက် (၇၂) နှစ်အရွယ်လူနာနှင့် အသက် (၅၃) နှစ်အရွယ် အမျိုးသားလူနာ (၂) ဦးတို့ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိတွင် သေဆုံးသူကို စောင့်ရှောက်နေသူများနှင့် မိသားစုဝင်တွေကိုလည်း ဆေးရုံမှာ ဆက်လက်စောင့်ကြည့်ကုသနေတယ်လို့ သိရပါတယ်။
မော်လမြိုင်တွင် ကျော်ကြားဆောက်လုပ်ရေးမှ လှူဒါန်းထားသော isolation Ward - 3 ကို အရပ်ဘက်ကုသမှုအနေဖြင့် ပြန်လည်ဖွင့်လှစ်ထားပြီး ဒေသခံလူမှုကူညီရေးအဖွဲ့တွေရဲ့ ကူညီမှုနှင့် လုပ်ငန်းပြန်လည်လည်ပတ်နေပါတယ်။
တကျော့ပြန်ပြန်လည်မြင့်တက်လာသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅၀ ကျော်နေပြီဟု မော်လမြိုင်ဆေးရုံကြီးရဲ့ ကိန်းဂဏန်းအချက်အလက်တွေကနေ သိရပါတယ်။







