မြင်းခြံမြို့နယ်တွင် စစ်ကောင်စီမှ ဖမ်းဆီးနှိပ်စက်တာကြောင့် ဒေသခံ ၂ ဦး သေဆုံး

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီမှ ဖမ်းဆီးနှိပ်စက်တာကြောင့် ဒေသခံ ၂ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ကွမ်းစိုက်ရွာတွင် ဒေသခံပြည်သူနှစ်ဦးအား အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးနှိပ်စက်တာကြောင့် သေဆုံးသွားကြောင်း အဆိုပါဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဇွန်လ ၁၅ ရက် ညနေ ၃ နာရီတွင် ကွမ်းစိုက်ရွာက ဒလန်ဆိုသူ ဓားထိုးခံရတဲ့ဖြစ်စဥ်ကြောင့် အကြမ်းဖက်စစ်ကောင်စီမှ ရွာထဲရှိ အမျိူးသား (၅၃) ဦးအား ကွမ်းစိုက်အခြေခံပညာကျောင်းတွင် လက်နောက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးထားသည်။

ထိုသို့ဖမ်းဆီးရာတွင် ယင်း ၅၃ ဦးအနက် ၁၈ ဦးအား စစ်ကား (၅) စီး၊ အင်အား ၁၀၀ ၀န်းကျင်ဖြင့် ဖမ်းစီးခေါ်ဆောင်သွား၍ ယမန်နေ့ ဇွန်လ ၁၆ ရက် ည ၈ နာရီတွင် ၁၆ ဦးအားပြန်လွှတ်၍ ကျန် ၂ ဦးအား စစ်ကောင်စီဘက်မှ သဂြိုလ်လိုက်သည်ဟုဆိုကြောင်း သိရသည်။

"အဲ့ဒီ ၁၈ ယောက်က NLD ပါတီနဲ့ ပက်သတ်တဲ့သူတွေများတယ်၊ သူတို့ကိုဖမ်းခေါ်ပြီး ပြန်လွှတ်တဲ့အခါ ၂ ယောက်ပါမလာလို့မေးကြည့်တော့ စစ်သားတွေက သူတို့သဂြိုလ်လိုက်ပြီလို့ပြောတယ်၊ အလောင်းလဲမပြဘူး၊ စစ်ဆေးမေးမြန်းတာ တမင်သက်သက်ညှင်းဆဲပြီးသတ်လိုက်တာ" ဟုကွမ်းစိုက်ရွာဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူနှစ်ဦးမှာ တစ်ဦးသည် ကွမ်းစိုက်ရွာ NLD ပါတီဥက္ကဌ၏သားဖြစ်၍ ကျန်တစ်ဦးမှာ ယခင်အုပ်ချုပ်ရေးမှူးဟောင်း၏ အစ်ကိုတစ်၀မ်းကွဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးသည့်အကြောင်းရင်းမှာ ကွမ်းစိုက်ရွာ၌ ဇွန်လ ၁၅ ရက်နေ့တွင် ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်းကို အမည်မသိလူတစ်စုမှ တိုက်ခိုက်ခဲ့သောကြောင့် အဆိုပါကိစ္စနှင့်ဆက်စပ်ပြီး ဒလန်များမှ ယင်း ၅၃ ဦးကို စွတ်စွဲ၍ စစ်ကောင်စီတပ်သားများထံ သတင်းပေးတိုင်ကြားသဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးမှုများလုပ်ပြီးနောက်ပိုင်း ကွမ်းစိုက်ရွာအတွင်း စစ်ကောင်စီတပ်သားအနည်းအကျဉ်း တပ်စွဲထားသဖြင့် ဒေသခံအချို့မှာ လက်ရှိအချိန်တွင် လုံခြုံသည့်နေရာသို့ တိမ်းရှောင်နေကြောင်း ဒေသခံအချို့၏ပြောပြချက်အရ သိရသည်။

 
 

 

 

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...