ရခိုင်က ငါး၊ ပုဇွန်များ ပြည်မဘက်သို့ တင်ပို့မရ၍ စစ်တွေမြို့တွင် လေလံတင်ရောင်းချ

ရခိုင်က ငါး၊ ပုဇွန်များ ပြည်မဘက်သို့ တင်ပို့မရ၍ စစ်တွေမြို့တွင် လေလံတင်ရောင်းချ

ရခိုင်ပြည်မြောက်ပိုင်းကထွက်ရှိသည့် ငါး၊ ပုဇွန်များကို ရန်ကုန်နှင့် ပြည်မဘက်သို့ တင်ပို့မရ၍ စစ်တွေမြို့တွင် လေလံတင်ရောင်းချနေရကြောင်း သိရသည်။

ပေါက်တော၊ စစ်တွေ၊ မြေပုံ၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းဘက်ကထွက်ရှိသည့် ငါး၊ ပုဇွန်များကို အဝယ်ဒိုင်များတွင် ရောင်းချသော်လည်း ဈေးကောင်းမရသည့်အတွက် စစ်တွေမြို့မဈေးတွင် လေလံတင်ရောင်းချနေရသည်ဟု စစ်တွေမြို့မှ ငါးပွဲစား ကိုဗိုလ်သန်းမောင်ကပြောသည်။

“ဘာဖြစ်လို့ လေလံတင်ရလဲဆိုတော့ အဝယ်ဒိုင်တွေထက် လေလံရောင်းတာပိုရတယ်လေ။ အဝယ်ဒိုင်နဲ့ဆိုရင် တစ်ပိသာကို ၃ ထောင်အထိကွာသွားတယ်။ ငါးတွေကတော့ ဆောင်းရာသီဆိုရင် ပိုပြီးတော့ စျေးကောင်းတယ်” ဟု ပြောသည်။

ယခုအပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းနေ၍ ဒီရေတိုးလာခြင်းကြောင့် ငါး၊ ပုဇွန်များ ရရှိကြသော်လည်း ဈေးကောင်းမရသည့်အခါ ငါးရှာလုပ်သားများအနေဖြင့် နစ်နာရသည်ဟု ပေါက်တောမြို့မှ ငါးရှာနေသူ ဦးငလုံးက ပြောသည်။

စစ်တွေမြို့တွင် ငါး၊ ပုဇွန်များကို လေလံတင်ရောင်းချနေပေမယ့် အဝယ်သား မရောက်ရှိခြင်းကြောင့် ဈေးကောင်းရလိုက် မရလိုက်ဖြစ်နေသည်ဟု ငါးရောင်းဝယ်ရေးလုပ်နေသူ ဦးသိန်းစိုးအောင်က ပြောသည်။

“ငါးရှာရတဲ့အပိုင်းတွေမှာ အဓိကအခက်ခဲရှိတာကတော့ ရာသီဥတုအပေါ်မူတည်တာပေါ့။ တအားကြီးမိုးရွာသွားရင်လည်း လူတွေက သိပ်မရောက်ဘူးလေ။ လူတွေ သိပ်မရောက်တော့ ငါးစျေးကမရဘူး။ လူတွေအများကြီးရောက်တယ်ဆိုရင် ငါးစျေးကပိုမြင့်တယ်။ အဲဒါတွေတော့ အခက်ခဲတွေရှိတယ်”

ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့တွင် ပြည်မဘက်သို့ စိတ်ကြိုက်တင်ပို့၍မရသည့်အတွက် ဒေသတွင်းမှာပဲ ဖြစ်သလိုဈေးနှင့် ရောင်းချနေရကြောင်း ဒေသခံ ငါးရောင်းဝယ်သူများက ပြောဆိုကြသည်။

စစ်အာဏာမသိမ်းခင်တုန်းက ငါး၊ ပုဇွန်များကို ကားလမ်းအပြင် လေယာဉ်လမ်းကြောင်းနှင့် တင်ပို့ကြပြီး ယခု လေယာဉ်များတွင် ငါး၊ ပုဇွန်သယ်ဆောင်၍မရကြောင်း သိရသည်။

 
 

 

 

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...