ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခံရသူ အယောက် ၂၀ အနက် ၈ ယောက်တွင် ပိုးတွေ့

ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခံရသူ အယောက် ၂၀ အနက် ၈ ယောက်တွင် ပိုးတွေ့

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခံရသူ အယောက် ၂၀ အနက် ၈ ယောက်တွင် ပိုးတွေ့ရှိကြောင်း ထန်တလန်မြို့ Covid 19 Emergency Response Committee Thantlang အဖွဲ့အစည်း၏ လက်ထောက်အတွင်းရေးမှူးမှ ပြောသည်။

“ကျွန်တော်တို့ ထန်တလန်က အခု အစိုးရဆေးရုံတွေ ပိတ်နေတယ်ဆိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်မှာပေါ့နော်၊ ဘာသာရေးခေင်းဆောင် ပါစတာတွေ၊ မြို့မိ/မြို့ဖတွေ၊ လူငယ်တွေနဲ့ ကျွန််တော်တို့ အစည်းဝေးထိုင်ပြီးတော့ မြို့ပေါ်မှာ ကိုဗစ်၁၉ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကော်မတီဖွဲ့မှ ဖြစ်မယ်ဆိုပြီးတော့မှ ဖွဲ့စည်းထားခြင်းဖြစ်တယ်။ ကျွန်တော်တို့ ဒီနေ့က ညနေ ၃ နာရီကနေ ည ၇ လာက်ထိ စစ်တယ်၊ ပထမဆုံးနေ့ပေါ့။ အဲတော့ လာစစ်တဲ့သူက အားလုံးပေါင်းက အယောက် ၂၀ ရှိတယ်။ အဲ့ဒီ အယောက် ၂၀ ထဲမှာမှ ကျား ၄ ဦးနှင့် မ ၄ ဦးက positive ဖြစ်တယ်။ အခုကျွန်တော်တို့ Clinic လုပ်တဲ့ဟာတော့ အခမဲ့အနေနဲ့ပေါ့နော်၊ ကိုယ့်ဟာကို ရန်ပုံငွေလေး တတ်နိုင်သလောက်ရှာပြီးတော့ အသင်းထဲက ဆရာဝန်နဲ့ဆရာမတွေက သူတို့စေတနာနဲ့ ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပြီးတော့ ကျွန်တော်တို့က ဘေးကနေ အမျိုးမျိုး တတ်နိုင်သလောက်လေး ပံ့ပိုးကူညီတာပေ့ါ” ဟု ပြောသည်။

 
 

 

 

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...