ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခံရသူ အယောက် ၂၀ အနက် ၈ ယောက်တွင် ပိုးတွေ့

ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခံရသူ အယောက် ၂၀ အနက် ၈ ယောက်တွင် ပိုးတွေ့

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခံရသူ အယောက် ၂၀ အနက် ၈ ယောက်တွင် ပိုးတွေ့ရှိကြောင်း ထန်တလန်မြို့ Covid 19 Emergency Response Committee Thantlang အဖွဲ့အစည်း၏ လက်ထောက်အတွင်းရေးမှူးမှ ပြောသည်။

“ကျွန်တော်တို့ ထန်တလန်က အခု အစိုးရဆေးရုံတွေ ပိတ်နေတယ်ဆိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်မှာပေါ့နော်၊ ဘာသာရေးခေင်းဆောင် ပါစတာတွေ၊ မြို့မိ/မြို့ဖတွေ၊ လူငယ်တွေနဲ့ ကျွန််တော်တို့ အစည်းဝေးထိုင်ပြီးတော့ မြို့ပေါ်မှာ ကိုဗစ်၁၉ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကော်မတီဖွဲ့မှ ဖြစ်မယ်ဆိုပြီးတော့မှ ဖွဲ့စည်းထားခြင်းဖြစ်တယ်။ ကျွန်တော်တို့ ဒီနေ့က ညနေ ၃ နာရီကနေ ည ၇ လာက်ထိ စစ်တယ်၊ ပထမဆုံးနေ့ပေါ့။ အဲတော့ လာစစ်တဲ့သူက အားလုံးပေါင်းက အယောက် ၂၀ ရှိတယ်။ အဲ့ဒီ အယောက် ၂၀ ထဲမှာမှ ကျား ၄ ဦးနှင့် မ ၄ ဦးက positive ဖြစ်တယ်။ အခုကျွန်တော်တို့ Clinic လုပ်တဲ့ဟာတော့ အခမဲ့အနေနဲ့ပေါ့နော်၊ ကိုယ့်ဟာကို ရန်ပုံငွေလေး တတ်နိုင်သလောက်ရှာပြီးတော့ အသင်းထဲက ဆရာဝန်နဲ့ဆရာမတွေက သူတို့စေတနာနဲ့ ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပြီးတော့ ကျွန်တော်တို့က ဘေးကနေ အမျိုးမျိုး တတ်နိုင်သလောက်လေး ပံ့ပိုးကူညီတာပေ့ါ” ဟု ပြောသည်။

 
 

 

 

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...