ကလေးမြို့တွင် ကိုဗစ်ကြောင့် တစ်ရက်တည်း ၁၀ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်ကြောင့် တစ်ရက်တည်း ၁၀ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယနေ့တစ်ရက်တည်းလူ (၁၀) ဦးသေဆုံးခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

"အချို့တွေကတော့ သံသယလူနာတွေဖြစ်တယ် ပြည်သူ့ဆေးရုံကနေ ၄ ဦး Home quarantain က ၆ ဦး သေဆုံးခဲ့တယ် အများသောအားဖြင့် သေဆုံးသူတေတွေက အသက်ကြီးပိုင်းတွေဖြစ်တယ် ရောဂါအခံရှိပြီးသူတွေ ဆီးချိုရောဂါသည်တွေဆိုရင် အောက်ဆီဂျင်ဘယ်လောက်ပေးပေး မခံနိုင်တဲ့အခြေအနေတွေရှိတယ် အဲလိုဖြစ်နေတယ်" ဟု ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ယနေ့သေဆုံးသူများမှာ တာဟန်းရပ်ကွက်တွင် (၄) ဦး၊ မြို့လှရပ်ကွက် (၁) ဦး Positive လူနာ၊ ကလေးမြို့ ၂ ဦး၊ ပျဉ်းခုံလေးရွာမှ ၁ ဦး၊ လက်ပံချောင်း ၁ ဦး ကျန်တစ်ဥိီး မသိရသေးကြောင်း သေဆုံးသူများအားလုံးမှာ အသက်ကြီးပိုင်းများဖြစ်ကြသည်။

ယနေ့ သေဆုံးသူ (၁၀) ဦးအနက် သဂြိုလ်ပြီး (၇) ဦးရှိပြီး ၃ ဦးမှာ အချိန်နောက်ကျသွားပြီးဖြစ်သည့်အတွက်ကြောင့် မသဂြိုလ်ရကြောင်းသိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းကြောင့် သေဆုံးသူ စုစုပေါင်း (၄၆) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...