ကလေးမြို့တွင် ကိုဗစ်ကြောင့် တစ်ရက်တည်း ၁၀ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်ကြောင့် တစ်ရက်တည်း ၁၀ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယနေ့တစ်ရက်တည်းလူ (၁၀) ဦးသေဆုံးခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

"အချို့တွေကတော့ သံသယလူနာတွေဖြစ်တယ် ပြည်သူ့ဆေးရုံကနေ ၄ ဦး Home quarantain က ၆ ဦး သေဆုံးခဲ့တယ် အများသောအားဖြင့် သေဆုံးသူတေတွေက အသက်ကြီးပိုင်းတွေဖြစ်တယ် ရောဂါအခံရှိပြီးသူတွေ ဆီးချိုရောဂါသည်တွေဆိုရင် အောက်ဆီဂျင်ဘယ်လောက်ပေးပေး မခံနိုင်တဲ့အခြေအနေတွေရှိတယ် အဲလိုဖြစ်နေတယ်" ဟု ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ယနေ့သေဆုံးသူများမှာ တာဟန်းရပ်ကွက်တွင် (၄) ဦး၊ မြို့လှရပ်ကွက် (၁) ဦး Positive လူနာ၊ ကလေးမြို့ ၂ ဦး၊ ပျဉ်းခုံလေးရွာမှ ၁ ဦး၊ လက်ပံချောင်း ၁ ဦး ကျန်တစ်ဥိီး မသိရသေးကြောင်း သေဆုံးသူများအားလုံးမှာ အသက်ကြီးပိုင်းများဖြစ်ကြသည်။

ယနေ့ သေဆုံးသူ (၁၀) ဦးအနက် သဂြိုလ်ပြီး (၇) ဦးရှိပြီး ၃ ဦးမှာ အချိန်နောက်ကျသွားပြီးဖြစ်သည့်အတွက်ကြောင့် မသဂြိုလ်ရကြောင်းသိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းကြောင့် သေဆုံးသူ စုစုပေါင်း (၄၆) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...