ဘုရားသုံးဆူမြို့တွင် BGF တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ဘုရားသုံးဆူမြို့တွင် BGF တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ ရှိ လူနေအိမ်တစ်အိမ်တွင် ယနေ့ နေ့လည် ၁၁ နာရီက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ထိမှန်သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်အမှတ် ၁၀၂၁ တပ်ဖွဲ့ဝင် မောင်ကျော်ဆိုသူအား ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ၃ ချက်ထိမှန်ပြီး ဘုရားသုံးဆူမြို့ ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း နယ်မြေခံ တိုင်းရင်းလက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

“နေ့လည် ၁၁ နာရီအချိန်မှာ သေနတ်ပစ်ခတ်မှုဖြစ်တာပါ။ BGF က ကိုစိုးဝင်းရဲ့သားအိမ်မှာ ပစ်ခတ်မှုဖြစ်တယ်လို့ သိရတယ်။ ဘယ်သူက ပစ်သွားလဲ၊ ဘာအကြောင်းလဲတော့ မသိရဘူးပေါ့နော်။ သေနတ်ထိမှန်သူက BGF က မောင်ကျော်လို့ခေါ်ကြတယ်။ ဆေးရုံမှာသယ်သွားပြီးတော့ ဆုံးသွားတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ ဘုရားသုံးဆူမြို့ခံတစ်ဦးက ယနေ့ညနေတွင် ကေအိုင်စီသို့ပြောသည်။

သေဆုံးသွားသူ BGF တပ်ဖွဲ့ဝင် မောင်ကျော်ဆိုသူသည် ယခင်လများက မြို့ပေါ်တွင်ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများကို လိုက်လံနှောင့်ယှက်ဟန့်တားမှုများ လုပ်ဆောင်ရာတွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု မြို့ခံများကပြောသည်။

သူသေဆုံးမှုနှင့်ပတ်သက်၍ လက်ရှိတွင် သက်ဆိုင်ရာမှ စုံစမ်းမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံလူထုထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့၊ ရွာသစ်ရွာတွင် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးအား အမည်မသိဆိုင်ကယ်စီးလာသူက သေနတ်ဖြင့်ပစ်သတ်ခဲ့သလို မြို့ပေါ်တွင်လည်း ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားလာသည့်အတွက် ပြည်သူလူထုများ၏ အသက်အန္တရာယ်များထိခိုက်လာမည်ကို စိုးရိမ်နေကြသည်ဟု မြို့ခံလူထုများထံမှ သိရသည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...