ကရင်နိုင်ငံရေးပါတီများကို ပြည်ထဲရေးက စစ်ဆေးနေ

ကရင်နိုင်ငံရေးပါတီများကို ပြည်ထဲရေးက စစ်ဆေးနေ

ကရင်နိုင်ငံရေးပါတီများကို ပြည်ထဲရေးဌာနတာဝန်ရှိသူများက လာရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။



ထိုသို့ စစ်ဆေးရာတွင် အချို့ပါတီများကို ပါတီအလုပ်အမှုဆောင်အဖွဲ့စာရင်းနှင့် ကိုယ်ရေးအချက်အလက်များ တောင်းယူခြင်းများရှိသလို အချို့ပါတီများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ထောက်ခံသည့် စာထုတ်ပြန်ထားခြင်းရှိ/မရှိ မေးမြန်းမှုရှိကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။



"ကျနော်တို့ ကရင်ပြည်သူ့ပါတီရုံးကို ဒီနေ့ (ဇွန် ၁၆) ရက်နေ့မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ အဖွဲ့စုံအဖွဲ့က လာစစ်ပါတယ်။ ထူးထူးခြားခြားမရှိဘူး။ ပါတီအလုပ်အမှုဆောင် စာရင်းကို တောင်းယူသွားပါတယ်" ဟု ကရင်ပြည်သူ့ပါတီ (KPP) တာဝန်ရှိသူတဦးက ပြောသည်။



အလားတူ ကရင်ပြည်နယ်၊ ဖားအံမြို့အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ထံသို့လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လာရောက်စစ်ဆေးခဲ့ပြီး ပါတီအလုပ်အမှုဆောင်အဖွဲ့၏ ကိုယ်ရေးအချက်အလက်များ စသည်ဖြင့်တောင်းယူသွားသည်ဟု ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။



ထို့အပြင် ကရင်အမျိုးသားပါတီ (KNP) တာဝန်ရှိသူတဦးကလည်း "ကျနော်တို့ပါတီက အင်အားနည်းတော့ ရုံးခန်းမဖွင့်နိုင်ဘူး၊ အဲ့တော့ ပါတီတာဝန်ရှိသူတဦကို ထွေအုပ်ရုံးမှာ ခေါ်စစ်တယ်၊ NUG ကိုထောက်ခံတဲ့ စာထုတ်ထားလားမေးတယ်။ ပါတီက အဲ့လိုစာထုတ်ထားတာမရှိဘူး။ သွားတွေ့တဲ့သူကမရှိကြောင်း လက်မှတ်ထိုးပေးခဲ့တယ်လို့သိရတယ်" ဟု ပြောသည်။



လက်ရှိပြည်တွင်း၌ ကရင်ပြည်သူ့ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ကရင်အမျိုးသားပါတီတို့ တရားဝင်ရပ်တည်လျက်ရှိကြောင်း သိရသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...