မင်းပြားတွင် ဝမ်းရောဂါကူးစက်ခံရသည့် ကလေးငယ် ၂၀၀ ကျော် ကျန်းမာရေးကောင်းမွန်လာ

မင်းပြားတွင် ဝမ်းရောဂါကူးစက်ခံရသည့် ကလေးငယ် ၂၀၀ ကျော် ကျန်းမာရေးကောင်းမွန်လာ

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ နဂါးရာကျေးရွာအုပ်စု၊ ပေါက်တော (မွတ်ဆလင်) ကျေးရွာတွင် ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါ ကူးစက်နေသည့် ကလေးငယ် ၂၀၀ ကျော်မှာ ကျန်းမာရေးကောင်းမွန်လာသည်ဟု မင်းပြားမြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါဖြစ်သည့် ကလေးငယ်များမှာ ပန်းမြောင်းတိုက်နယ်ဆေးရုံနှင့် မြောင်းဘွေတိုက်နယ် ဆေးရုံများတွင် ဆေးဝါးကုသခံခဲ့ရပြီး လက်ရှိ ကျန်းမာရေးကောင်းမွန်လာပြီဖြစ်သည့်အတွက် မိမိကျေးရွာကို ရောက်ရှိနေပြီဖြစ်သည်ဟု ပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆွေဒူလာမိန်က ပြောသည်။

“ကျန်းမာရေးအခြေနေတွေတော့ အကုန်လုံးကောင်းသွားပြီ။ အရင်တုန်းက နေပူလို့၊ သောက်သုံးရေ မကောင်းလို့ ဖြစ်ခဲ့ပေမဲ့ အခုတော့ မိုးရာသီရောက်နေတဲ့အတွက် အရင်လို အများကြီး မဖြစ်ကြတော့ဘူး။ တရက်မှာ ၅ ယောက်လောက် ဖြစ်ကြတယ်။ ဒါပေမဲ့ ဓာတ်ဆားရည် သောက်လိုက်ရင် ကောင်းသွားကြတယ်” ဟုဆိုသည်။

ယင်းကျေးရွာအုပ်စုကို ကျန်းမာရေးဌာနနှင့်  ICRC  မှ ဝမ်းရောဂါကာကွယ်သည့် သောက်ဆေးတစ်ကဒ်၊ ဓာတ်ဆားထုတ် ၇ ထုပ်နှင့် ဆပ်ပြာခဲစသည်တို့ကို ကျေးရွာအတွင်းရှိ မိသားစုဝင်များအား ပေးနေသည်ဟုလည်း ၎င်းကပြောသည်။

ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါကြောင့် မင်းပြားနဂါရာကျေးရွာအုပ်စု ပေါက်တော (မွတ်ဆလင်) ကျေးရွာမှ အသက် ၅ နှစ် အောက်ကလေးငယ် ၉ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဝမ်းရောဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ဆရာဝန်ကြီး ဒေါက်တာနေဝင်းထွန်းက “အခုတော့ ကျန်းမာရေးအကုန်လုံး ကောင်းသွားပြီ။ ပြန်မဖြစ်တော့ဘူးလား အဲဒီလိုတော့မဟုတ်ဘူး။ အရင်လို မျိုးသေဆုံးတာတွေမရှိတော့ဘူးပေါ့နော်။  အဓိက မိုးရာသီရောက်လာတာနဲ့လည်းဆိုင်တယ်။ နွေရာသီတုန်းက လိုမျိုးပတ်ဝန်းကျင်မညစ်ပတ်တော့ဘူး။ ယင်ကောင်အုံတာတွေ မရှိတော့ဘူးပေါ့။ နေမကောင်းမဖြစ်တဲ့ ကလေး တွေလည်းအကုန်လုံးကောင်းသွားပါပြီ” ဟု ပြောသည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၆၈၀ ကျော်နှင့် လူဦးရေ ၄၀၀၀ ခန့်ရှိပြီး သောက်သုံးရေကန် ၃ ကန်ရှိသည့်အနက် ၁ ကန်သာအသုံးပြု၍ရပြီး ယင်းကန်မှာလည်း ကျွဲ၊ နွားများဆင်းသောက်ကြကြောင်း သိရသည်။

 
 

 

 

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...