ချင်းပြည်နယ်လုံခြုရေး စိုးရိမ်ရဟု ကုလထုတ်ပြန်

ချင်းပြည်နယ်လုံခြုရေး စိုးရိမ်ရဟု ကုလထုတ်ပြန်

ချင်းပြည်နယ် တချို့နေရာတွေက လုံခြုံရေးအခြေအနေတွေဟာ စိုးရိမ်စရာပါ။ ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ်၊ မတူပီနဲ့ ထန်တလန်မြို့နယ်တွေအပြင် နယ်နမိတ်ချင်းဆက်စပ်နေတဲ့ မကွေးတိုင်းဒေသကြီးက မြို့နယ်တချို့မှာ တပ်မတော်နဲ့ ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) ကြားက တိုက်ပွဲတွေပုံမှန်ဖြစ်နေတာကို သိရှိရပါတယ်။

ဒေသခံမိတ်ဖက်တွေအဆိုအရ တိုက်ပွဲတွေကြောင့် ဇွန်လ ၁၁ ရက်နေ့မှာ ထန်တလန်မြို့က ခန့်မှန်းခြေလူပေါင်း ၈၂၀ ခန့်ဟာ အနီးအနားက တောတောင်တွေဆီကို ထွက်ပြေးတိမ်းရှောင်သွားပြီး ၎င်းတို့ထံ အကူအညီတွေ အမြန်ဆုံးရောက်ရှိဖို့ လိုအပ်နေပါတယ်။

တိုက်ပွဲတွေကြောင့် လူပေါင်း ၁၈,၀၀၀ ခန့်ဟာ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ မတူပီ၊ ထန်တလန်မြို့တွေနဲ့ မကွေးတိုင်းဒေသကြီး ဆောမြို့က ယာယီစခန်း ၇၄ ခုမှာ နေထိုင်နေကြရပါတယ်။

၎င်းတို့ဟာ ချင်းပြည်နယ်မှာ မေလ ၁၂ ရက်ကတည်းကနဲ့ မကွေးတိုင်းဒေသကြီးမှာ ဇွန်လ ၆ ရက်နေ့ကတည်းက နေရပ်ရွှေ့ပြောင်းနေထိုင်ရတာဖြစ်ပါတယ်။

ထို့အပြင် အကြမ်းဖက်မှုတွေကြောင့် မေလ ၁၂ ရက်ကတည်းက လူထောင်ပေါင်းများစွာလည်း တောတောင်တွေထဲကို ထွက်ပြေးသွားကြပြီဖြစ်ပါတယ်။

လူသားချင်းစာနာမှု ဆောင်ရွက်သူမိတ်ဖက်တွေဟာ ထွက်ပြေးသွားသူများ၊ အကြမ်းဖက်ဒဏ်ခံစားရသူများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

သို့သော်လည်း သွားလာမှုဆိုင်ရာစိန်ခေါ်မှုတွေဟာ အဆိုပါအကူအညီ‌ပေးရေးအတွက် အနှောင့်အယှက်‌ဖြစ်နေဆဲပါ။

၂၀၁၉ ခုနှစ် ဇန်နဝါရီ-၂၀၂၀ နိုဝင်ဘာလအတွင်းဖြစ်ပွားတဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ကြားက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြေးရသူလူဦးရေ ၉,၈၅၀ ဟာ ချင်းပြည်နယ် ပလက်ဝမြို့က ယာယီစခန်း ၂၇ ခုမှာ အခုချိန်အထိ နေထိုင်နေရပါတယ်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...