ကြာအင်းဆိပ်ကြီးမြို့တွင် ဗုံးဟုယူဆရသည့်အရာ ထပ်မံတွေ့ရှိ၊ စစ်ကောင်စီတပ် လာရောက်ဖြုတ်သိမ်းယူသွား

ကြာအင်းဆိပ်ကြီးမြို့တွင် ဗုံးဟုယူဆရသည့်အရာ ထပ်မံတွေ့ရှိ၊ စစ်ကောင်စီတပ် လာရောက်ဖြုတ်သိမ်းယူသွား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ကမ်းနားလမ်းရပ်၊ ရပ်ကွက် (၅) ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့၌ ယနေ့ ဇွန်လ (၁၆) ရက်နေ့တွင် လက်လုပ်မှိုင်းဗုံးဟု ယူဆရသည့် အရာဝတ္ထူတစ်ခုတွေ့ရှိပြီး စစ်ကောင်စီတပ်က လာရောက်ဖြုတ်သိမ်းယူသွားသည်ဟု မြို့ခံလူထုထံမှ သိရသည်။

“ဆိုင်ရဲ့အရှေ့မှာ လက်လုပ်မိုင်းပုံစံလိုပေါ့နော်၊ ဒီအတိုင်းချထားတယ်။ အိမ်နီးနားချင်းတွေကလည်း ကြောက်ကြတာပေါ့။ စစ်တပ်ကလာပြီးတော့ ဖြုတ်သိမ်းသွားတယ်။ ကလေးသူငယ်တွေ၊ ပြည်သူတွေ ထိခိုက်မယ့်အရာတွေ လက်မခံနိုင်ဘူး” ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မေလကလည်း တရားရုံး၊ ဆေးရုံ၊ ပညာရေးမှူးရုံးနှင့် ကြေးနန်းဆက်သွယ်ရေးရုံးရှေ့တွင် ဗုံးဟုယူဆရသည့် အရာဝတ္ထုတွေ့ရှိခဲ့ပြီး စစ်တပ်က လာရောက်ဖယ်ရှာပေးခဲ့သည်ဟု ဌာနဆိုင်ရာဝန်ထမ်းများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင်လည်း ယခုလ ဇွန်လ ၈ ရက်နေ့က မွန်ညီညွတ်ရေးပါတီဝင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ထို့အပြင် မြို့တွင်းပစ်ခတ်မှုများနှင့် ဗုံးဟုယူဆရသည့်အရာပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

 
 

 

 

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...