နယူးဒေလီရောက် ဒုက္ခသည်များ ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေး

နယူးဒေလီရောက် ဒုက္ခသည်များ ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေး

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရနှင့် UN တို့ပူးပေါင်းပြီး နယူးဒေလီရောက် ဒုက္ခသည်များကို ဇွန်လ ၁၄ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

နယူးဒေလီမြို့ Chin Refugee Committee (CRC) CRC ဥက္ကဌ Pu Ruata က "နယူးဒေလီမှာရှိတဲ့ ဒုက္ခသည်တွေမှာလည်း ကိုဗစ်ကူးစက်မှုအရမ်းများတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်။ အဲဒီကာကွယ်ဆေးရနိုင်အောင် ဒေလီဝန်ကြီးချုပ်ကိုလည်း တောင်းဆိုခဲ့တယ်။ နောက်ပြီး NGO အသီးသီနဲ့လည်း ချိတ်ဆက်ထားတယ်” ဟု ပြောသည်။

ဆက်လက်ပြီး Pu Ruata က “ဒီကနေ့ ကိုဗစ်ကာကွယ်ဆေးထိုးတာက အသက် ၄၅ နှစ်အထက်ရှိတဲ့ ပုဂ္ဂိုလ်တွေက ယူတာဖြစ်တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူ အရမ်းများတယ်။ အနည်းဆုံး ၁၀၀ ဝန်းကျင်ရှိတယ်။ မနက်ဖြန်မှာလည်း ထပ်ယူကြမယ်။ ဇွန်လ ၁၆ ရက်နေ့ကျရင်တော့ အသက် ၁၈ ကနေ ၄၄ နှစ်ကြားမှာရှိတဲ့သူတွေက ထိုးကြမှာဖြစ်တယ်” ဟု ပြောသည်။

ယခုလို နယူးဒေလီမြို့မှာရှိတဲ့ ချင်းဒုက္ခသည်များရဲ့ အခက်အခဲကိုနားလည်ပြီး ကိုဗစ်ကာကွယ်ဆေး အခမဲ့ပေးအပ်လာတဲ့အပေါ် အထူးကျေးဇူးတင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူများကိုလည်း နောက်ပိုင်းတွေမှာ ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးပေးသွားမယ်ဖြစ်ကြောင်း CHRO တာဝန်ခံ Salai Cung Dawt က ယခုလိုပြောပါသည်။

“ဒုက္ခသည်တွေကြားမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူ မြောက်များစွာရှိတယ်။ တချို့က သက်သာလို့ ဆေးရုံကနေဆင်းကြပြီ၊ အိမ်မှာကုသနေတဲ့သူတွေ တော်တော်များများလည်း သက်သာလာကြပြီ။ အခု ကိုဗစ်ကာကွယ်ဆေးပေးတာက ကိုဗစ်ရောဂါပိုးမရှိတဲ့သူတွေကိုဘဲ ပေးတာဖြစ်တယ်။ ကိုဗစ်ရောဂါပိုးရှိတဲ့သူတွေကြတော့ သူတို့ သက်သာပျောက်ကင်းပြီးတဲ့နောက် ၂ လ ၃ လ လောက်နေမှ ဆက်လက်ပြီး ပေးသွားမယ်လို့လည်းကြားတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းရိုက်ခပ်လာမှုကြောင့် နယူးဒေလီရောက် မြန်မာပြည်သား ဒုက္ခသည်ရာချီ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံနေရကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ၅ ဦး သေဆုံးခဲ့ပြီဖြစ်သည်။

 
 

 

 

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...