စစ်တပ်အာဏာသိမ်းတာကို ရှုတ်ချပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ G7 နိုင်ငံတွေ တောင်းဆို

စစ်တပ်အာဏာသိမ်းတာကို ရှုတ်ချပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ G7 နိုင်ငံတွေ တောင်းဆို

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အပြင်းအထန်ရှုတ်ချပြီး မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကမ္ဘာ့စက်မှုအင်အားကြီး ခုနှစ်နိုင်ငံ G7 ခေါင်းဆောင်တွေက တောင်းဆိုလိုက်တယ်လို့ အိမ်ဖြူတော်အစိုးရက ထုတ်ပြန်ပါတယ်။

ဗြိတိန်နိုင်ငံမှာ မနေ့က ကျင်းပပြီးစီးခဲ့တဲ့ G7 နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပြီး အချက် (၅) ချက်ကို G7 နိုင်ငံခေါင်းဆောင်တွေက ထည့်သွင်းတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းမှ စဉ်းစားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောထားတဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ G7 နိုင်ငံခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ကို လက်နက်မရောင်းဖို့နဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ရပ်ဆိုင်းထားဖို့ သဘောတူညီထားတာကို ထပ်မံအတည်ပြုပြီး အခြားနိုင်ငံတွေလည်း အဲဒီသဘောတူညီချက်ကို လိုက်ပါဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့်ပြုဖို့လည်း ကမ္ဘာ့စက်မှုအင်အားကြီး ခုနှစ်နိုင်ငံ G7 ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

 
 

 

 

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...