စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Chinland Defense Force (CDF-Mindat) တို့၏ (၈.၆.၂၀၂၁) ရက်နေ့ကဖြစ်ပွားသော ဘုရားစခန်း (ချောင်းဆုံ) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မင်းတပ်မြို့နယ်၊ ဘုရားစခန်းရွာရှိ လူနေအိမ်များကို ဝင်ရောက် မွှေနှောက်ဖျက်စီးပြီး ရွာသားအချို့ကိုဖမ်းဆီးရိုက်နှက်ခြင်းနှင့် သေနတ်ဖြင့်ပစ်ခတ်ခြင်းများပြုလုပ်ခြင်းကြောင့် ရွာသူ/သားအချို့ ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း သိရသည်။
ကျေးရွာဒေသခံတစ်ဦးက "ဟိုတစ်နေ့က ဒီချောင်းဆုံတိုက်ပွဲမှာ တိုက်ပွဲဖြစ်တော့ ဒီဘုရားစခန်းက ချောင်းစုံကနေအတက်မှာ ဘုရားစခန်းရွာရှိတယ်၊ အဲဒီမှာ ရွာသားတစ်ချို့ (CDF) နှင့် စစ်တပ် တိုက်ပွဲဖြစ်တော့ CDF ဘက်ကနေ အင်အားအလုံးအရင်းနှင့် စကစ ကတက်လာပြီ၊ အဲတော့ ဒီဖက်ကရွာသားတွေ ပြေးကြပါဆိုပြီးမှ ပြောတဲ့ခါကြတော့ တစ်ချို့ ရွာသားတွေကလည်း ပြေးတယ်၊ တစ်ချို့ကြတော့လည်း ဟိုမပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ပြီးတော့မှ စိတ်ကျမ်းမာရေးမကောင်းတဲ့သူတွေ အဲလိုမျိုးကြတော့လည်း မပြေးနိုင်ဘူး၊ အိမ်တွေထဲမှာ ကျန်နေခဲ့တယ်၊ ကျန်နေခဲ့တဲ့ခါကြတော့ လူငယ်လူရွယ်တွေတော့ ပြေးတာပေါ့နော်၊ အဲဒီမှာ ကျန်ခဲ့တဲ့လူတွေ အကုန်လုံး တစ်ရွာလုံးနီးပါး အဲနေ့ အဖောက်ခံရတယ်၊ ပစည်းတွေအကုန်လုံး သူတို့လိုချင်တဲ့ဟာတွေအကုန်လုံး ယူသွားတယ် ပြီးရင် အဲဒီခုနက အသက် ၄၇ နှစ်အရွယ် စိတ်မနှံံ့တဲ့ အမျိုသားတစ်ယောက်က သူက သူ့အိမ်မှာ သူကကျန်ခဲ့တာ၊ ကျန်ခဲ့တော့ ဖမ်းဆီးပြီးမှ လက်ပြန်ကြိုးတုတ် ပြီးရင် သူ့ကို စစ်သားတွေက ဝိုင်းရိုက်တာပေါ့နော်၊ ခေါင်းမှာလည်း ဒီမှာက ဆေးဝါးတွေဘာတွေမရှိတော့ အမှန်ဆိုရင်တော့ သူ့ကို ချုပ်ပေးရမှာ၊ ဒါမယ့် ဒီတိုင်းပဲ မချုပ်နိုင်ဘူးပေါ့နော်၊ ဆေးရုံဆေးခန်းလည်း မရှိတဲ့ခါကျတော့၊ အဲဒီမှာတစ်ချက်။ ပြီးရင် ကျောတွေမှာလည်း သူတို့ရိုတ်ထားတဲ့ ဒဏ်ရာတွေရှိတယ်၊ ခြေသလုံးတွေမှာလည်းရိုက်ထားတဲ့ ဒဏ်ရာတွေရှိတယ်၊ အဲဒါ အသက် ၄၇ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်အကြောင်းပေါ့။ နောက် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကကျတော့ သူ့အိမ်ထဲမှာ သူတံခါးတွေဘာတွေပိတ်ပြီးမှ အလုံနေတာ အဲဒီအချန်မှာ ဒီစစ်သားတေက သူ့အိမ်နီးနားမှာ ပစ်နေခတ်နေကြတာပေါ့ အဲဒီအချိန်သူက ဒီစစ်သားတစ်စုက သူ့အိမ်ခေါင်မိုးပေါ်က ဆိုလာပြားကို သွားယူကြတာ၊ သွားယူကြတော့ လှမ်းအော်လိုက်တယ်၊ သူ့ပစ္စည်းကိုမယူဖို့ လှမ်းအော်လိုက်တဲ့အချိန်မှာ ခေါင်မိုးပေါ်ကနေ ပစ်ထည့်လိုက်တာကျည် ၂ ချက် ပေါင်မှာ ၂ ချက်ပေါ့။ အခုထိ ကျည်ဆံမထုတ်ရသေးဘူး၊ အထဲမှာ ကျည်တွေရှိသေးတယ်" ဟုဆိုသည်။
အသက် ၄၇ နှစ်အရွယ် ဦးမာန်မောင်း လက်ပြန်ကြိုးတုတ် ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်း၊ ခြေထောက်နှင့်ကြောပြင်များတွင် ရိုက်နှက်ဒဏ်ရာရရှိပြီး အသက် ၆၃ နှစ်အရွယ် ဒေါ်ဂေစိမ်းငှိမ်း ညာဘက်ပေါင်တွင် သေနတ်ဒဏ်ရာနှစ်ချက်ရရှိပြီး လုံခြုံရေးအခြေအနေများကြောင့် ဆေးရုံပို့ဆောင်ရန် အခက်အခဲကြုံနေရကြောင်း သိရသည်။







