ကလေးမြို့တွင် ယနေ့မနက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၈ ဦးသေဆုံး

ကလေးမြို့တွင် ယနေ့မနက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၈ ဦးသေဆုံးခဲ့ပြီး လက်ရှိအချိန် သေဆုံးသူ ၂၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

“ဒီနေ့မှာ ၈ ဦးသေတယ်၊ ၂၈ ဦး သေဆုံးခဲ့ပြီ၊ ကိုဗစ်စင်တာမှာက ၄ ယောက်၊ ဝယ်စလီဆေးရုံမှာက ၁ ယောက်၊ အိမ်မှာက ၁ ယောက်၊ ဆေးရုံကြီးမှာက ၂ ယောက်” ဟု ကလေးမြို့၊ Covid Volunteer တစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်သူ ၂၂၀ ဦးအထိရှိခဲ့ပြီး၊ လက်ရှိ အိတ်စွပ်စင်တာတွင် ၁၈၀ ဦးနှင့် ၎င်းတို့ထဲတွင် စိုးရိမ်ရသောလူနာများလည်းရှိသည်ဟု သိရသည်။

လက်ရှိ ကိုဗစ်ရောဂါကူးစက်ခံရမှုများမှာ ကလေးမြို့ပေါ်တွင်သာမကပဲ သဖန်းအိုင်ကျေးရွာနှင့် ထိုမာကျေးရွာများတွင် ကူးစက်ခံရမူများရှိသည့်အပြင် ၎င်းရောဂါတို့ဖြင့် သေဆုံးမှုများလည်း မြင့်တက်နေကြောင်းလည်း သိရသည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...