ကလေးမြို့တွင် ယနေ့မနက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၈ ဦးသေဆုံး

ကလေးမြို့တွင် ယနေ့မနက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၈ ဦးသေဆုံးခဲ့ပြီး လက်ရှိအချိန် သေဆုံးသူ ၂၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

“ဒီနေ့မှာ ၈ ဦးသေတယ်၊ ၂၈ ဦး သေဆုံးခဲ့ပြီ၊ ကိုဗစ်စင်တာမှာက ၄ ယောက်၊ ဝယ်စလီဆေးရုံမှာက ၁ ယောက်၊ အိမ်မှာက ၁ ယောက်၊ ဆေးရုံကြီးမှာက ၂ ယောက်” ဟု ကလေးမြို့၊ Covid Volunteer တစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်သူ ၂၂၀ ဦးအထိရှိခဲ့ပြီး၊ လက်ရှိ အိတ်စွပ်စင်တာတွင် ၁၈၀ ဦးနှင့် ၎င်းတို့ထဲတွင် စိုးရိမ်ရသောလူနာများလည်းရှိသည်ဟု သိရသည်။

လက်ရှိ ကိုဗစ်ရောဂါကူးစက်ခံရမှုများမှာ ကလေးမြို့ပေါ်တွင်သာမကပဲ သဖန်းအိုင်ကျေးရွာနှင့် ထိုမာကျေးရွာများတွင် ကူးစက်ခံရမူများရှိသည့်အပြင် ၎င်းရောဂါတို့ဖြင့် သေဆုံးမှုများလည်း မြင့်တက်နေကြောင်းလည်း သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...