မြန်မာ့ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ သိန်းခန့်ရှိမည်ဟု ကုလခန့်မှန်း

မြန်မာ့ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ သိန်းခန့်ရှိမည်ဟု ကုလခန့်မှန်း

အရပ်သားဧရိယာများကို ခွဲခြားမှုမရှိဘဲ သိမ်းကြုံးတိုက်ခိုက်နေခြင်းများအပါအဝင် ကယားပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ၁ သိန်းခန့်ရှိနိုင်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှုအခြေအနေများ အလျင်အမြန် ဆိုးရွားလာခြင်းအပေါ် ကုလသမဂ္ဂအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီးက ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာစစ်တပ်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရအဖွဲ့အား ဖြုတ်ချကာ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။

စစ်တပ်၏လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားကြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် ဇွန်လ ၈ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၈၅၇ ဦးရှိကာ ချုပ်နှောင်ခံထားရသူ စုစုပေါင်း ၄၇၀၄ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာစစ်တပ်သည် နယ်စပ်ဒေသများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ အရေးပေါ်အကူအညီ လိုအပ်နေသူ အများအပြားရှိနေသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသွားအလာကန့်သတ်ချက်နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အကူအညီများပေးဝေရန် ကြန့်ကြာနေရကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကယားပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့်တိုင်း ဒေသများရှိ အကူအညီလိုအပ်နေသူများကို တိုက်ရိုက်ကူညီခွင့်ပေးရန် ကုလသမဂ္ဂအဖွဲ့က တောင်းဆိုထားသည်။

လက်ရှိ မြန်မာ့ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများအားလုံးအနေဖြင့် အရပ်သားများနှင့် အရပ်ဘက်အဆောက်အဦများကို အကာအကွယ်ပေးရန်၊ တိုက်ခိုက်သူများနှင့် အရပ်သားများကို ပစ်မှတ်ခွဲခြားရန်နှင့် လိုအပ်မှပစ်ခတ်ရန် စသည့် အခြေခံမူများကို လိုက်နာပေးရန်လည်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...