မင်းတပ်မြို့ပေါ်တွင် အခြေခံစားသောက်ကုန် ပြတ်လပ်ဖွယ်အရေးနှင့် ကြုံရဖွယ်ရှိဟုဆို

မင်းတပ်မြို့ပေါ်တွင် အခြေခံစားသောက်ကုန် ပြတ်လပ်ဖွယ်အရေးနှင့် ကြုံရဖွယ်ရှိဟုဆို

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့ပေါ်နေပြည်သူများ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား ပြတ်လပ်မည့်အခြေနေနှင့် ကြုံတွေ့ရကြောင်း ဒေသခံများထံက သိရပါသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ဘေးမရှောင်နိုင်သည့် သက်ကြီးရွယ်အို၊ ကလေးငယ်အပါဝင် လူဦးရေ တစ်ထောင်ဝန်းကျင် ကျန်ရှိကြောင်းလည်း သိရသည်။

ဒေသခံတစ်ဦးက "ဒီမြို့ပေါ်မှာ တိုက်ပွဲစဖြစ်ကတည်းက စျေးဆိုင်တွေပိတ်ထားတာ ၁ လပြည့်တော့မယ်။ အခုဆို စားဖို့အခက်ခဲလာတယ်။ ဆန်လည်း ပြတ်တော့မယ့်အခြေနေ ဖြစ်နေတယ်။ ဆန်ပြတ်သွားရင် မြို့ပေါ်မှာ ပိတ်မိသူတွေနေဖို့ ဖွင့်ထားတဲ့နေရာကိုနေဖို့ နောက်ဆုံးအဆင့် ကြိုတင်ပြင်ဆင်ထားတယ်" ဟု ပြောသည်။

မင်းတပ်မြို့ပေါ်တွင် တိုက်ပွဲစဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ ရေများဖြတ်တောက်ခံရပြီး စမ်းရေများကို အသုံးပြုရကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံတစ်ဦးက "မြို့ပေါ်မှာက အိမ်တစ်အိမ်မှာ ဆန်တစ်အိတ်ရှိရင် ၁ လလောက်စားလို့ရတယ်။ အများစုကလည်း စစ်ဘေးရှောင်ကြတာဆိုတော့ အခု စစ်ဘေးရှောင်နေတဲ့သူတွေက ထမင်းကိုလည်း ခွဲဝေပြီးစားကြရတဲ့ အခြေနေဖြစ်တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် မြို့ပေါ်မှ နေရပ်စွန့်ခွာထွက်ပြေးရသူ ဒေသခံ ထောင်ချီရှိခဲ့ပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးမှုများ လိုအပ်ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာခံခဲ့ရသည့် မင်းတပ်မြို့တွင် သေနတ်သံများလည်း မကြာခဏ ကြားရကြောင်းလည်း ဒေသခံများကပြောသည်။

လက်ရှိ မင်းတပ်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Mindat - CDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...