မင်းတပ်မြို့ပေါ်တွင် အခြေခံစားသောက်ကုန် ပြတ်လပ်ဖွယ်အရေးနှင့် ကြုံရဖွယ်ရှိဟုဆို

မင်းတပ်မြို့ပေါ်တွင် အခြေခံစားသောက်ကုန် ပြတ်လပ်ဖွယ်အရေးနှင့် ကြုံရဖွယ်ရှိဟုဆို

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့ပေါ်နေပြည်သူများ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား ပြတ်လပ်မည့်အခြေနေနှင့် ကြုံတွေ့ရကြောင်း ဒေသခံများထံက သိရပါသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ဘေးမရှောင်နိုင်သည့် သက်ကြီးရွယ်အို၊ ကလေးငယ်အပါဝင် လူဦးရေ တစ်ထောင်ဝန်းကျင် ကျန်ရှိကြောင်းလည်း သိရသည်။

ဒေသခံတစ်ဦးက "ဒီမြို့ပေါ်မှာ တိုက်ပွဲစဖြစ်ကတည်းက စျေးဆိုင်တွေပိတ်ထားတာ ၁ လပြည့်တော့မယ်။ အခုဆို စားဖို့အခက်ခဲလာတယ်။ ဆန်လည်း ပြတ်တော့မယ့်အခြေနေ ဖြစ်နေတယ်။ ဆန်ပြတ်သွားရင် မြို့ပေါ်မှာ ပိတ်မိသူတွေနေဖို့ ဖွင့်ထားတဲ့နေရာကိုနေဖို့ နောက်ဆုံးအဆင့် ကြိုတင်ပြင်ဆင်ထားတယ်" ဟု ပြောသည်။

မင်းတပ်မြို့ပေါ်တွင် တိုက်ပွဲစဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ ရေများဖြတ်တောက်ခံရပြီး စမ်းရေများကို အသုံးပြုရကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံတစ်ဦးက "မြို့ပေါ်မှာက အိမ်တစ်အိမ်မှာ ဆန်တစ်အိတ်ရှိရင် ၁ လလောက်စားလို့ရတယ်။ အများစုကလည်း စစ်ဘေးရှောင်ကြတာဆိုတော့ အခု စစ်ဘေးရှောင်နေတဲ့သူတွေက ထမင်းကိုလည်း ခွဲဝေပြီးစားကြရတဲ့ အခြေနေဖြစ်တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် မြို့ပေါ်မှ နေရပ်စွန့်ခွာထွက်ပြေးရသူ ဒေသခံ ထောင်ချီရှိခဲ့ပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးမှုများ လိုအပ်ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာခံခဲ့ရသည့် မင်းတပ်မြို့တွင် သေနတ်သံများလည်း မကြာခဏ ကြားရကြောင်းလည်း ဒေသခံများကပြောသည်။

လက်ရှိ မင်းတပ်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Mindat - CDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...