သံတောင်ကြီး ၁၃ မိုင် ပစ်ခတ်မှု စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံး

သံတောင်ကြီး ၁၃ မိုင် ပစ်ခတ်မှု စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ၁၃ မိုင်တွင် ယမန်နေ့ (ဇွန်လ ၈ ရက်) ညက စစ်ကောင်စီနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ စစ်ကောင်စီနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ ယမန်နေ့ည ၈ နာရီခွဲဝန်းကျင်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ဦးကျဆုံးခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက "မနေ့ည ၈ နာရီခွဲကျော်မှာ သူတို့ပစ်ကြတယ်။ အပြန်အလှန်ပစ်ခတ်ကြတယ်။ ၁၅ မိနစ်တခါ နားပြီးပစ်ကြတယ်။ ပစ်လိုက်နားလိုက်ပဲ။ ၉ နာရီဝန်းကျင်မှာ ပြီးသွားတယ်။ စစ်တပ်ဘက်က ရမ်းသမ်းပြီးပစ်တာ။ ပြောကြတာကတော့ စစ်ကောင်စီဘက်မှာ တစ်ယောက်ကျသွားတယ်ပြောတယ်။ ကျန်တဲ့တစ်ဖွဲ့တော့ အကုန်လွတ်မြောက်သွားတယ်" ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ၁၃ မိုင်အဝင်ဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လာရောက်ပစ်ခတ်မည့်ကိစ္စနှင့်ပတ်သက်ပြီး ယခင်လကတည်းက သတင်းများထွက်ပေါ်နေသည့်အတွက် ဒေသခံအချို့ ပြောင်းရွှေ့ထားခဲ့ကြသော်လည်း ယမန်နေ့ညကျမှသာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှ ရွာအတွင်း ကင်းလှည့်နေပြီး သံတောင်မြို့ ၁၃ မိုင်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် (တပ်မဟာ ၂) ထိန်းချုပ်နယ်မြေလည်းဖြစ်သည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...