ရိခေါဒါရ်မြို့တွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၂၀ ဦးတွေ့ရှိ

ရိခေါဒါရ်မြို့တွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၂၀ ဦးတွေ့ရှိ

ချင်းပြည်နယ် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ ရိဒ်ခေါ်ဒါရ်မြို့တွင် နှစ်ရက်အတွင်း ကိုဗစ် Positive လူနာ အယောက် (၂၀) တွေ့ရှိကြောင်း ရိဒ်ခေါ်ဒါရ် ပြန်ဆက်ဦးစီးမှူးထံမှ သိရသည်။

"အခုကူးစက်သူက (၂၀) ဦး အဲ့ထဲက (၁၉) ဦးက ချောင်းအမှတ် (၂) ရပ်ကွက်က။ ရိဒ်အမှတ် (၁) ရပ်ကွက်က (၁) ယောက် သူတို့ကအခုက ရောဂါလက္ခဏာလည်းမရှိဘူး။ ဖျားတာနာတာလည်းမရှိဘူး။ အိမ်မှာပဲ home quarantine ထားတာ" ဟု ရိဒ်ပြန်ဆက်ဦးစီးမှူးကပြောသည်။

ကိုဗစ် Positive များထဲမှ အယောက် (၁၈) ဦးကို Home Quarantine ထားရှိပြီး (၂) ဦးမှာ ဆေးကုသရင်း Positive ဖြစ်သည့်အတွက် ဆေးရုံမှာထားရှိကြောင်း ပိုးတွေ့သူများတွင် စိုးရိမ်ရသည့်လူနာမရှိကြောင်း သူကဆက်ပြောသည်။

အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ရိဒ်ခေါ်ဒါရ်မြို့တွင် ကိုဗစ်ရောဂါပိုးစစ်ဆေးမှုကို ဇွန်လ ၇ ရက်နေ့မှ စတင်စစ်ဆေးပြီး ပထမရက်တွင် (၆) ဦးပိုးတွေ့ရှိပြီး ယနေ့တွင် (၁၄) ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

Positive လူများနှင့် ထိတွေ့မှုရှိသည့် မိသားစုဝင်များမှာ လက်ရှိတွင် နေအိမ်ကွာရန်တင်းထားရှိကြောင်း သိရသည်။

ရိဒ်ခေါ်ဒါရ်မြို့တွင် ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုကို လူအယောက် (၁၀၆) စစ်ဆေးမှုလုပ်ဆောင်ကြောင်း သိရသည်။

ရိဒ်ခေါ်ဒါရ်မြို့တွင် လက်ရှိ ကွာရန်တင်းစင်တာမရှိသေးကာ ကွင်းဆက်စစ်ဆေးမှုနှင့် တင်ပြရန်စီစဉ်ထားကြောင်း သိရသည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...