Stay at Home ကြေညာခံရသည့် ချင်းပြည်နယ် ၅ မြို့နယ်နှင့် ကလေး၊ တမူးမြို့နယ်များရှိ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများ ပြန်ပိတ်ခဲ့

Stay at Home ကြေညာခံရသည့် ချင်းပြည်နယ် ၅ မြို့နယ်နှင့် ကလေး၊ တမူးမြို့နယ်များရှိ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများ ပြန်ပိတ်ခဲ့

Covid-19 ကပ်ရောဂါကူးစက်မှု များပြားလာခြင်းကြောင့် Stay at Home ကြေညာထားသည့် ချင်းပြည်နယ် တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် တမှုးမြို့နယ်များရှိ ဇွန်လ ၁ ရက်နေ့ကတည်းက ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံပညာကျောင်းများကို အားကစားနှင့် ကျန်းမာရေး၀န်ကြီးဌာနမှ ယမန်နေ့ ဇွန်လ ၇ ရက်နေ့တွင် ပြန်လည်ပိတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

တွန်းဇံမြို့နယ်ရှိ ကျောင်းသားမိဘ ၁ ဦးမှ "မဖွင့်နိုင်ခဲ့တဲ့ကျောင်းတွေ ပြန်ပိတ်တယ်လို့ပဲပြောရမယ်ထင်တယ်၊ ဇွန်လ ၁ ရက် ကျောင်းဖွင့်ပြီဆိုပေမယ့် ကျောင်းတံခါးက နေ့တိုင်းပိတ်နေတာပဲလေ၊ တက်မယ့်သူလည်း နည်းလို့ဖြစ်မယ်ဟု မဖွင့်နိုင်ခဲ့သော အခြေခံပညာကျောင်းများကို ဗစ်ကြောင့် ပိတ်လိုက်သည့်အခြေအနေကို ရှင်းပြသည်။

ကလေးမြို့တွင် Covid 19 ကူးစက်ရောဂါကြောင့် သေဆုံး - ၁၂ ဦးအထိရှိပြီဖြစ်ပြီး၊ ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၅ မြို့နယ်တွင် ပိုးတွေ့လူနာ ၃၂၀ ခန့်၊ Covid 19 ကူးစက်မှုအဖြစ်ပွားဆုံး ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ပိုးတွေ့လူနာပေါင်း (၂၉၇) ဦး၊ သေဆုံးသူ ၈ ဦးရှိခဲ့သည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...