Stay at Home ကြေညာခံရသည့် ချင်းပြည်နယ် ၅ မြို့နယ်နှင့် ကလေး၊ တမူးမြို့နယ်များရှိ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများ ပြန်ပိတ်ခဲ့

Stay at Home ကြေညာခံရသည့် ချင်းပြည်နယ် ၅ မြို့နယ်နှင့် ကလေး၊ တမူးမြို့နယ်များရှိ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများ ပြန်ပိတ်ခဲ့

Covid-19 ကပ်ရောဂါကူးစက်မှု များပြားလာခြင်းကြောင့် Stay at Home ကြေညာထားသည့် ချင်းပြည်နယ် တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် တမှုးမြို့နယ်များရှိ ဇွန်လ ၁ ရက်နေ့ကတည်းက ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံပညာကျောင်းများကို အားကစားနှင့် ကျန်းမာရေး၀န်ကြီးဌာနမှ ယမန်နေ့ ဇွန်လ ၇ ရက်နေ့တွင် ပြန်လည်ပိတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

တွန်းဇံမြို့နယ်ရှိ ကျောင်းသားမိဘ ၁ ဦးမှ "မဖွင့်နိုင်ခဲ့တဲ့ကျောင်းတွေ ပြန်ပိတ်တယ်လို့ပဲပြောရမယ်ထင်တယ်၊ ဇွန်လ ၁ ရက် ကျောင်းဖွင့်ပြီဆိုပေမယ့် ကျောင်းတံခါးက နေ့တိုင်းပိတ်နေတာပဲလေ၊ တက်မယ့်သူလည်း နည်းလို့ဖြစ်မယ်ဟု မဖွင့်နိုင်ခဲ့သော အခြေခံပညာကျောင်းများကို ဗစ်ကြောင့် ပိတ်လိုက်သည့်အခြေအနေကို ရှင်းပြသည်။

ကလေးမြို့တွင် Covid 19 ကူးစက်ရောဂါကြောင့် သေဆုံး - ၁၂ ဦးအထိရှိပြီဖြစ်ပြီး၊ ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၅ မြို့နယ်တွင် ပိုးတွေ့လူနာ ၃၂၀ ခန့်၊ Covid 19 ကူးစက်မှုအဖြစ်ပွားဆုံး ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ပိုးတွေ့လူနာပေါင်း (၂၉၇) ဦး၊ သေဆုံးသူ ၈ ဦးရှိခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...