Published
Monday, June 07, 2021
မော်လမြိုင်မြို့ပေါ်၌ ညဘက်များတွင် ဗုံးဟုယူဆရသည့်ပေါက်ကွဲမှုများ နေ့စဥ်ဖြစ်ပေါ်နေ
မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းအနီးတစ်ဝိုက်တွင် နေထိုင်သူများက ယမန်နေ့ည ၉ နာရီခွဲဝန်းကျင်ခန့်တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲသံ ကျယ်လောင်စွာကြားရှိရကြောင်း သံလွင်တိုင်းမ်သို့ ပြောကြားပါသည်။
ဇွန်လ ၄ ရက်နေ့ကလည်း ဒိုင်းဝန်ကွင်းမီးပွိုင့်အနီး အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ည ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သေးသည်။
အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မော်လမြိုင်မြို့သို့ လာရောက်ပြီးသည့်နောက်ပိုင်းတွင် မြို့ပေါ်၌ ပေါက်ကွဲသံများ ညစဥ်ဆက်တိုက် ကြားရခြင်းဖြစ်သည်။
ပေါက်ကွဲမှုများနှင့်ပတ်သတ်၍ နောက်ဆက်တွဲ ထိခိုက်ပျက်ဆီးဆုံးရှုံးမှုများကို ဆက်လက်စုံစမ်းလျက်ရှိပါသည်။







