လူ ၂၀ ခန့်သာဆန့်သည့် ဟားခါးမြို့ ရဲစခန်းအချုပ်ခန်းတွင် လူ ၇၀ ၀န်းကျင် နေထိုင်နေရ

လူ ၂၀ ခန့်သာဆန့်သည့် ဟားခါးမြို့ ရဲစခန်းအချုပ်ခန်းတွင် လူ ၇၀ ၀န်းကျင် နေထိုင်နေရ

စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူ ၂၀ ခန့်သာဆန့်သည့် ဟားခါးမြို့ ရဲစခန်းအချုပ်ခန်းတွင် လက်ရှိအဖမ်းခံရသူ ၆၉ ဦးရှိပြီး ထိုထဲတွင် မိန်းကလေး ၉ ဦးပါဝင်ကြောင်း သိရသည်။

ဟားခါးမြို့ ရဲစခန်းအချုပ်ခန်းသည် လူ ၂၀ ဦးခန့်သာဆန့်သည့် အချုပ်ခန်းဖြစ်ပြီး ယခုအချိန်တွင် ဖမ်းဆီးခံရသူတွေဟာ နေရာကျဥ်းကျပ်စွာ နေကြရပြီး အဖမ်းခံရသူအများစုဟာ ပုဒ်မ ၅၀၅ (က) (ခ) ဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။

အဖမ်းခံရသူအချို့သည် ကျန်းမာရေးအခံမကောင်းကျသူများလည်း ပါဝင်နေတာကြောင့် မိဘတစ်ချို့မှ စိတ်ပူပန်နေကြပါသည်။

"အခုက ထမင်းလည်းပို့လို့ရတယ်၊ ဆေးဝါးတွေလည်းပို့လို့ရတော့ အဆင်ပြေတာပေါ့၊ သူ့ကို ဆေးခန်းပြချင်တယ်ဆိုလို့ ပြခိုင်းတယ်၊ စစ်တပ်ဘက်က ဆရာဝန်ဆီကို ပြပေးတယ်၊ ဒီလိုမျိုးအခြေအနေက ကြာလာရင်တော့ နည်းနည်းတော့ စိုးရိမ်မိတယ်" ဟု အမည်မဖော်လိုသူ မိဘတစ်ပါးမှ Chin World Media ထံပြောသည်။

ယခုချိန်ထိ စစ်သားများမှ ဟားခါးမြို့ပေါ်ရပ်ကွက်များထဲ အိမ်တွင်းဝင်ရောက်ဖမ်းဆီးခြင်းများ၊ လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဘက်မှ ဖမ်းဆီးနှိပ်စက်စစ်ဆေးခြင်းကြောင့် အသက် ၆၀ ၀န်းကျင် အဖိုးအိုတစ်ဦးနှင့် လူလတ်ပိုင်းတစ်ဦးတို့ သေဆုံးခဲ့ပြီး အလောင်းကို စစ်တပ်ဘက်မှ မီးရှို့သဂြိုလ်ခဲ့ပြီးမှ မိသားစုကို အကြောင်းကြားခဲ့သည့်ဖြစ်စဥ်လည်း ပြီးခဲ့တဲ့မေလထဲမှာ ဖြစ်ပွားမှုလည်း ရှိခဲ့သည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...